အကောက်ခွန်မဲ့ ပစ္စည်း ကျပ် သန်း ၁၈၀ ကျော် သိမ်းဆည်းရမိ

0
262

အကောက်ခွန်ဦးစီးဌာနမှ လေးရက်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၁၈ဝ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်း နဲ့ အကောက်ခွန်နယ်မြေ ဒေသအသီးသီတို့မှာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အတွင်း တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့တဲ့ ကုန်ပစ္စည်းတွေ စစ်ဆေးရှာဖွေအရေးယူမှုတွေ ပြုလုပ်ဆောင်ရွက်နေတာပါ။

လက်ရှိမှာ ဆိပ်ကမ်းမှ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ခြောက်သန်းဖိုး၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးမှူးရုံးက တားဆီးမှု တစ်မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၃၄ ဒသမ ၁ သန်းဖိုးကို ဖမ်းဆီးခဲ့ကြတာပါ။

ဒါ့အပြင် ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၄၉ ဒသမ ၂၂၅ သန်းခန့်ကို ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ၁၁ မှုနဲ့ ခန့်မှန်းတန်ဖိုး ၁၈၉ ဒသမ ၃၂၅ သန်းခန့်ရှိခဲ့ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)