နှစ်ပေါင်း ၃၀ ကျော် ပေါင်းတည် စွယ်တော် တင်ဆောင်လှည့်လည်ပေးခဲ့တဲ့ ဆင်ကြီး သေဆုံး

0
407

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပေါင်းတည်မြို့ မြတ်စွယ်တော်ကို နှစ်ပေါင်း ၃၀ ကျော် တင်ဆောင် လှည့်လည် အပူဇော်ခံပေးခဲ့တဲ့ စွယ်စုံဆင်ကြီးဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

အောင်ဝိဇ္ဇာလို့ အမည်ရတဲ့ အဲဒီဆင်ကြီးဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၅ နာရီခွဲမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ရုတ်တရက် သေဆုံးခဲ့တာပါ။
အောင်ဝိဇ္ဇာဆင်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကက တောင်ငူဘက်ကနေ ဝယ်ခဲ့တာဖြစ်ပြီး စွယ်စုံဆင်အမျိုးအစားဖြစ်ကာ ပေါင်းတည် မြတ်စွယ်တော် ပင့်ဆောင်ရာမှာ နှစ်ပေါင်း ၃၀ ကျော် အသုံးပြု လှည့်လည် အပူဇော်ခံပေးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဆင်ကြီး အောင်ဝိဇ္ဇာရဲ့ ဆင်စွယ်ကို ဖြတ်ယူထားပြီး ခန္ဓာကိုယ်ကို မြေမြှုပ် သင်္ဂြိုဟ်မှု မလုပ်ခင်မှာ မြိုခံ ဒေသခံတွေက လာရောက်ကြည့်ရှုကြလျက် ရှိပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)