ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

0
324

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုအယ်လ်ပီမာဆူဒီနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ပါတယ်။

indonesia

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိပြီး ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ နှစ်ရက်ကြာ ခရီးစဉ် လာရောက်ခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနတွေ ဆွေးနွေးခဲ့သလို ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင် အသိုက်အဝန်း နှစ်ခုအတွက် အင်ဒိုနီးရှားနိုင်ငံက ဘယ်လို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးသွားမလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)