ပြည်တွင်းအလုပ်သမားအားနဲ့ ပြန်ဖြည့်မယ်လို့ မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဒုဝန်ကြီးပြော

0
295

မြန်မာနိုင်ငံက မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းလိုက်ရင် လစ်လပ်သွားမယ့်အလုပ်အကိုင်နေရာတွေမှာ ပြည်တွင်းအင်အားနဲ့ ဖြည့်သွားမယ်လို့ မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဒုတိယဝန်ကြီး ဒါတက်ဆာရီအစ္စမီအဗ္ဗဒူလ်မွတ်တာလစ်က ပြောကြားလိုက်ပါတယ်။

myanmarworkers

ဒုတိယဝန်ကြီးဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ လုပ်တဲ့ ၂၀၁၆ ခုနှစ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးရန်ပုံငွေ(HRDF) ညီလာခံနဲ့ ပြပွဲ ပိတ်ပွဲအခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။

မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး မြန်မာအလုပ်သမားတွေ စေလွှတ်တာ ယာယီဆိုင်းငံ့ထားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလို ဆုံးဖြတ်ပြီးနောက်မှာ မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဒုတိယဝန်ကြီးက “အလုပ်အကိုင် နေရာလွတ်တွေ ပေါ်လာရင် ပြည်တွင်းအလုပ်သမားတွေကို လုပ်ဖို့ ပိုတိုက်တွန်းချင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက အလုပ်သမားတွေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနရဲ့ စာရင်းအရတော့ မလေးရှားမှာ မြန်မာ ၁ သိန်း ၄ သောင်းကျော် အလုပ်လုပ်ကိုင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)