အမြန်လမ်းမကြီးပေါ် ယာဉ်တိုက်မှုဖြစ်ပြီး လူနှစ်ယောက် ထိခိုက်ဒဏ်ရာရ

0
314

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၂/၅ နဲ့ ၃၁၂/၆ အကြားမှာ ဒီကနေ ဒီဇင်ဘာ ၇ ရက်နေ့က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

car

ဖြစ်ပွားခဲ့တဲ့နေရာဟာ မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်းမကြီးရဲစခန်းအပိုင် နယ်မြေဖြစ်ပြီး ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ Light Truck အဖြူရောင်ယာဉ်က လမ်းရဲ့ ညာဘက်ခြမ်းက အလူမီနီယမ်သံတန်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် စုစုပေါင်း နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိပေမဲ့ ဒဏ်ရာက မစိုးရိမ်ရပါဘူး။ ယာဉ်ရဲ့ ရှေ့လေကာမှန်က ကွဲပြီး ဘန်ဘာကျိုးပဲ့ခဲ့သလို ညာဘက်ရှေ့ဘီးကွဲပြီး ဘယ်၊ ညာ တံခါးတွေလည်း ပိန်ချိုင့်ပျက်စီးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းသူ ဇေယျာဟိန်းကို ဇီးပင်သာအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၅၇/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)