ရှမ်းပြည်နယ်လွှတ်တော်ရဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှု အကျုံးမ၀င်

0
248

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးခုကို ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်တာ ဟာ အကျုံးမ၀င်ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောဆိုလိုက်ပါတယ်။

kachin

ဒီဇင်ဘာလ ၇ ရက်နေ့ ဒီကနေ့မှာ MCN သတင်းဌာန သီးခြားဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။ အခုကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ရှမ်းပြည်နယ်လွှတ်တော်တစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်လို့မရတာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက် ခံယူခဲ့ရင်လည်း ကန့်ကွက်သွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်လွှတ်တော်အတွင်း လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပေမယ့် တစ်နိုင်ငံလုံးနဲ့သက်ဆိုင်နေတဲ့ကိစ္စဖြစ်တာကြောင့် လုပ်ဆောင် လို့မရခဲ့ဘူးလို့ ဦးအောင်သိန်းက ဥပမာပေး ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)