သက်ဝင်လှုပ်ရှား ရန်ကုန်မြို့ လမ်းမများ ပွဲတော် ကျင်းပမှာဖြစ်

0
448

ရန်ကုန်မြို့ရဲ့ သမိုင်းဝင်နေရာတွေမှာ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ မြို့ပြရှုခင်းကို ဖွံ့ ဖြိုးတိုးတက်စေဖို့ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမ ပွဲတော်ကိုကျင်းပမှာဖြစ်ပါတယ်။

216740

အဲဒီပွဲတော်ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ၊ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ဘဏ်လမ်းတို့မှာ ညနေ (၅) နာရီ မှ (၉) နာရီအထိ ဒီဇင်ဘာလ
၁၀ ရက် နဲ့ ၁၁ ရက် (၂) ရက်ဆက်တိုက် ကျင်းပသွားမှာပါ။ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က ဂျပန်နိုင်ငံတကာကူ ညီဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ပူးပေါင်း စီစဉ်ကျင်းပတာဖြစ်ပါတယ်။

ပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ-
၁။ သမိုင်းအမွေအနှစ် အဆောက်အဦများကို ပြန်လည် တန်ဖိုးထားစေရန်
၂။ မြို့တော်အတွင်း လမ်းလျှောက်သူ လမ်းသွားလမ်းလာတွေအတွက် သာယာအဆင်ပြေမှုကို ပြန်လည်ထည့်သွင်း စဉ်းစားနိုင်စေရန်
၃။ သာယာလှပ၍ ဆွဲဆောင်မှုရှိသော အနာဂတ် မြို့ပြရှုခင်းကို မျှော်မှန်းနိုင်စေရန် ရည်ရွယ်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)