နိုင်ငံတော်သမ္မတ ဦးထင်ကျော် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ တွေဆုံ

0
374

မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက၊ နိုင်ငံတော်သမ္မတဦးထင်ကျော် မြန်မာနိုင်ငံကြက်ခြေနီ အသင်း နဲ့ ဒီကနေ့ မနက်က နိုင်ငံတော်သမ္မတအိမ်တော်မှာ လက်ခံတွေဆုံခဲ့ပါတယ်။

redcross

အဲဒီလိုတွေဆုံရာမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတော်သမ္မတဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရာသက်ပန်အသင်းဝင်အဖြစ် ဝင်ရောက်ပြီး အလှူငွေ ကျပ် ၁ သိန်း ကိုလည်းပေးအပ်ခဲ့တာပါ။မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ (၂၀၁၅ ခုနှစ်) ပုဒ်မ ၄ အရ နိုင်ငံတော်သမ္မတဟာမြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ နာယကတစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)