လက်နက်ကိုင်နယ်မြေတွေမှာ ပြည်တွင်းစစ်ရပ်တန့်ရေး ဆန္ဒပြဖို့မရှိဘူးလို့ အလံဖြူလှုပ်ရှားမှုအဖွဲ့ပြော

0
366

တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့မရှိဘူးလို့ ပြည်သူ့လှုပ်ရှားမှုမြင့်တင်ရေးကွန်ရက်က ပြောဆိုလိုက်ပါတယ်။

whiteflag

ဒီဇင်ဘာ ၇ ရက်နေ့ ဒီကနေ့မှာ အလံဖြူ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်ရဲ့ လုပ်ငန်းကော်မတီတာဝန်ခံ ကိုမြတ်ကျော်ကို MCN သတင်းဌာန သီးခြားဆက်သွယ်မေးမြန်းစဉ်မှာ အဲဒီလိုပြောဆိုလိုက်တာပါ။

ဆန္ဒပြပွဲတစ်ပွဲဖြစ်မြောက်ရေး အတွက် ငွေကြေးကုန်ကျမှုတွေများတာကြောင့် ဆန္ဒပြပွဲတွေ လုပ်ဖို့ အကန့်အသတ်တွေ ရှိနေတာဖြစ်ပါတယ်။ ဆန္ဒပြပွဲက အသံတွေကို နိုင်ငံခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ကြားသိစေဖို့ သာ အဓိကကျတယ်လို့ ကိုမြတ်ကျော်က ပြောဆိုခဲ့တာပါ။

ပြည်တွင်းစစ်များရပ်တန့်ရေးအတွက် အလံဖြူလှုပ်ရှား မှုကို ဒီဇင်ဘာ ၆ ရက်နေ့က လူအင်အား ၃၀ ခန့်ပါဝင်သော လူတစ်စုက အလံဖြူများဝေငှကာ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြတာပါဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)