စမ်းချောင်းက ငွေလဲကောင်တာကို သေနတ်ပစ်ဖောက်ဓားပြတိုက်မှု တရားခံတွေ မမိသေး

0
304

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ရှမ်းကုန်းလမ်းမှာရှိတဲ နိုင်ငံခြား ငွေလဲကောင်တာမှာ ဒီဇင်ဘာလ၃ရက်နေ့က သေနတ်ပစ်ဖောက် ဓားပြတိုက်မှုဖြစ်စဉ်မှာပါဝင်တဲ့ တရားခံတွေကို အခုချိန်ထိ ဖမ်းမမိသေးဘူးလို့စမ်းချောင်းမြို့နယ်ရဲစခန်းကပြောပါတယ်။

sanchaung

အခုအခါမှာ တရားခံဖမ်းမိနိုင်ရေးအတွက် CCTV ကင်မရာမှာ ပေါ်နေတဲ့ဓါပုံတွေကို မြို့နယ်အကုန်လုံးကို ဖြန့်ထားတဲ့အပြင် တိုင်းနဲ့ပြည်နယ်တွေကိုလည်း ဖြန့်ထားတယ်လို့ ဒုရဲအုပ်ဝင်းထွန်းက MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မှုမှာ အခုလိုပြောကြား လိုက်တာပါ။

sanchaung2

ဒါ့အပြင် စမ်းချောင်းမြို့နယ်အတွင်းမှာလည်း ရှာဖွေရေးတွေ လုပ်နေပြီး တရားခံတွေဖမ်းမိရေးကို အထူးကြိုးစားနေကြတာပါ။ အခုတိုက်ခိုက်လုယက်မှုမှာ မြန်မာငွေကျပ်သိန်း ၁၅၀၊ အမေရိကန်ဒေါ်လာ ၁၅၀၀၀ နဲ့ ငွေကျပ် ၄ သိန်းခန့်တန်ဖိုးရှိ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ လက်ကိုင်ဖုန်း ၄ လုံးနဲ့ ခရီးဆောင်အိတ် ၁ လုံးတို့ကို ယူဆောင်သွားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)