မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် လူမျိုးရေးတင်းမာမှုတွေဖြစ်အောင် လှုံ့ဆော်နေတယ်လို့ မဟာသီ ပြော

0
358

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ မလေးရှားနိုင်ငံကို ဖျက်ဆီးနေပြီး လူမျိုးရေးတင်းမာမှုတွေဖြစ်အောင် လှုံ့ဆော်နေတယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မဟာသီက ပြောကြားလိုက်ပါတယ်။

mahathir

အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီက AFP သတင်းဌာနက မေးတဲ့ အင်တာဗျူးမှာ အဲဒီလို ပြောကြားခဲ့တာပါ။

လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ အဂတိလိုက်စားမှုတွေရှိပြီး မလေးရှားနိုင်ငံပိုင် 1MBD လုပ်ငန်းစုရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ဝေဖန်စွပ်စွဲမှုတွေလည်း ခံနေရသူ ဖြစ်ပါတယ်။

နာဂျစ်ရာဇတ်ကို ရာထူးကနေ ဖယ်ရှားဖို့ကိစ္စလောက် အရေးကြီးတဲ့ စိတ်ကူးမျိုး သူ့မှမရှိတော့ဘူးလို့လည်း မဟာသီက ပြောပါတယ်။

“သူ(နာဂျစ်ရာဇတ်)က တိုင်းပြည်ကို ဖျက်ဆီးနေတာ။ သူက လူမျိုးကြီးဝါဒကို သွင်းနေတာ။ အရမ်း အရမ်းကို ပြင်းထန်တဲ့ ရာဇဝတ်မှုကို ကျူးလွန်တာပဲ။ သူ့ကို ဖယ်ပြီး တခြားသူမတက်ရင် ပိုဆိုးလာဖို့ပဲ ရှိတယ်”လို့လည်း မဟာသီက AFP ကို ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)