မလေးရှားဝန်ကြီးချုပ်ရဲ့လုပ်ရပ်ကို များစွာစိတ်ပျက်မိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

0
279

အခြေအမြစ်မရှိတဲ့သတင်းတွေအပေါ်အခြေခံပြီး အာဆီယံမိသားစုဝင်နိုင်ငံတစ်နိုင်ငံအပေါ် ပြင်းထန်စွာစွပ်စွဲ ပြစ်တင်ပြောကြားခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့လုပ်ရပ်ကို များစွာအံ့သြစိတ်ပျက်မိတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

malaysia
(မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်)

ဒီလိုများစွာအံ့သြစိတ်ပျက်တဲ့အကြောင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဒီဇင်ဘာ ၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်ဆွေက ဆင့်ခေါ်ပြီး တရားဝင်ပြောဆိုခဲ့တာဖြစ်ပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစုသုတ်သင်ရှင်းလင်းမှုစတဲ့ မဟုတ် မမှန်စွပ်စွဲချက်တွေကို ကန့်ကွက်ပြီး အဲဒီစွပ်စွဲချက်တွေဟာ မြေပြင်ပကတိအခြေအနေတွေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘဲ အဲဒီလိုတာဝန်မဲ့ပြောကြားမှုက အစွန်းရောက်အကြမ်းဖက်မှုကို နှိုးဆွပေးတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဒုတိယ၀န်ကြီးက မလေးရှားသံအမတ်ကို သတိပေးပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)