တပ်မတော်စစ်လေယာဉ်ကို ပစ်ချတယ်ဆိုတာ သတင်းအမှားလို့ တရုတ်အစိုးရ ပြော

0
283

တရုတ်-မြန်မာ နယ်စပ်အနီးမှာ မြန်မာ့တပ်မတော် စစ်လေယာဉ်တစ်စီးကို တရုတ်ဘက်က ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းဟာ တကယ်မဟုတ်ဘဲ သက်သက်ဖန်တီးထားတဲ့ သတင်းသာဖြစ်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

china
(တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို နိုဝင်ဘာ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့ရစဉ်)

ရှမ်းပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မုံးကိုးမြို့အနီးမှာ မြန်မာ့တပ်မတော်(လေ) ဖိုက်တာဂျက်လေယာဉ်တစ်ဦး တရုတ်နယ်စပ်ထဲကို ကျော်ဝင်လို့ တရုတ်စစ်တပ်က ဒုံးကျည်နဲ့ပစ်ချခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ တရုတ်ဘက်က ခုလို ထုတ်ပြန် ဖြေရှင်းခဲ့တာပါ။

ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိနေပြီး တရုတ်ဘက်ကလည်း နယ်စပ် လုံခြုံရေးကို ပိုတိုးမြှင့်ဆောင်ရွက်နေပါတယ်။

လက်ရှိမှာတော့ မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)