စည်းကမ်းချက်နဲ့ မညီတဲ့ လမ်းဘေးဈေးသည်တွေကို စတင် အရေးယူဖို့ ပြင်ဆင်

0
297

သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီညွတ်တဲ့ လမ်းဘေးဈေးသည်တွေကို စတင်အရေးယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ပထမအဆင့်မှာ မြို့တော်စည်ပင်သာယာအနေနဲ့ လမ်းဘေးဈေးသည်တွေကို စည်းကမ်းနဲ့ အညီရောင်းချဖို့ အသိပညာပေးမှုတွေပြုလုပ်ခဲ့တာပါ။

15327360_1045174278943771_7173542321317004339_n

အခုအခါမှာတော့ ကမ်းနားလမ်းပေါ်မှာရှိတဲ့ လမ်းဘေးဈေးဆိုင်အချို့အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုဖောက်ဖျက်ပြီး ယာဉ်သွားလမ်း ပေါ်တွေ အပေါ်ကိုပါ တက်ပြီးရောင်းချမှုတွေ ရှိလာတဲ့အတွက် အရေးယူမှုတွေ စတင်တော့ မှာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းရာမှာ ပြောကြားလိုက်တာပါ။

မြို့တော်စည်ပင်သာယာဌာန အနေနဲ့ လမ်းဘေးဈေးသည်တွေကို ပြောင်းရွှေ့နေရာချထားတဲ့ လုပ်ငန်းစဉ်တွေကြောင့် အရေးယူမှုတွေ မလုပ်နိုင်သေးတာဖြစ်ပြီး ယခုအခါမှာ စည်းကမ်းနဲ့မညီတဲ့ ဈေးဆိုင်တွေရှိလာတဲ့အတွက် ပြည်သူတွေရဲ့ ထောက်ပြပြောဆိုသံတွေလည်း မြင့်တက် လာတြာေုကာင့် အရေးယူမှုတွေကို စတင်တော့ မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)