မြန်မာ့အရေး သံတမန်နည်းအရ ဖြေရှင်းသင့်လို မဟာသီဟာမိုဟာမက် ပြောကြား

0
285

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေနဲ့ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မယ့်အစား သံတမန်ရေးအရသာ ဖြေရှင်းသင့်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီဟာ မိုဟာမက် ပြောကြားလိုက်ပါတယ်။

15401189_1023857971074550_63294708_n

ဒီဇင်ဘာ ၃ ရက်နေ့က free malaysia today (အက်ဖ်အမ်တီ) အင်တာနက်ဝဘ်ဆိုက်မှာ အခုလိုရေးသားဖော်ပြထားတာပါ။ လက်ရှိဝန်ကြီးချုပ် နာဂျစ်ဟာ အခွင့်အာဏာရှိသူဖြစ်ပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့ နည်းလမ်းကို ဘာကြောင့်အသုံးပြုတယ်ဆိုတာကို မေးခွန်းထုတ်လိုက်တာပါ။

ဆန္ဒထုတ်ဖော်မှုဆိုတာ အစိုးရကို ဆန့်ကျင်သူတွေအသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီား အစိုးရအဖွဲ့ကိုယ်တိုင်က ဆန္ဒပြဖော်ထုတ်ဖို့ မလိုအပ်ဘူးလို့ မဟာသီကပြောကြားလိုက်ပါတယ်။ ဒီမိုကရက်တစ်အက်ရှင်ပါတီ(ဒီအေပီ) အမျိုးသားညီလာခံနဲ့ သက်ဆိုင်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)