ျပင္သစ္ႏုိင္ငံျခားေရး ဝန္ႀကီးနဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ဖုန္းဆက္ေဆြးေႏြး

0
366

ျပင္သစ္ႏိုင္ငံျခားေရး ရာဝန္ႀကီး ယန္း ဗက္စ္ လာဒရိန္းက ဒီေန႔ ႏိုဝင္ဘာ ၇ ရက္ေန႔မွာ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့ပါတယ္။

အၾကမ္းဖက္တုိက္ခိုက္ခံရမႈနဲ႔ ဘဂၤါလီ မြတ္စလင္ေတြ ေဘးဒုကၡျဖစ္ရမႈေတြအတြက္ ျပင္သစ္ႏုိင္ငံက အလြန္အမင္း စိုးရိမ္မႈျဖစ္ရတယ္လို႔ ျပင္သစ္ႏုိင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

ျမန္မာအစိုးရ လံုၿခံဳေရးတပ္ဖြဲ႔ေတြ အေနနဲ႔ အရပ္သားေတြကို ကာကြယ္ေပးဖုိ႔၊ လူမ်ိဳးေရးခြဲျခားမႈ မရွိဖုိ႔ လူသားခ်င္းဆုိင္ရာ အကူညီေတြ ကန္႔သတ္မႈ မရွိဖုိ႔နဲ႔ ေဘးကင္းေရးကို ထိန္းသိမ္းႏုိင္ေအာင္ လုပ္ေဆာင္ဖို႔ ျပင္သစ္ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။
ျပင္သစ္ႏုိင္ငံအေနနဲ႔ ေအာက္တုိဘာ ၂၁ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆုိခဲ့တဲ့ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔၊ ဒုကၡသည္ေတြ ျပန္လည္အေျခခ် ေနထုိင္ႏုိင္ဖို႔နဲ႔ လူသားခ်င္းဆုိင္ရာ အကူညီေတြ အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြကို ေထာက္ခံတယ္လို႔ ျပင္သစ္ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။
…………………… ။ ။ ………………….

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖုန်းဆက်ဆွေးနွေး

ပြင်သစ်နိုင်ငံခြားရေး ရာဝန်ကြီး ယန်း ဗက်စ် လာဒရိန်းက ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ဘင်္ဂါလီ မွတ်စလင်တွေ ဘေးဒုက္ခဖြစ်ရမှုတွေအတွက် ပြင်သစ်နိုင်ငံက အလွန်အမင်း စိုးရိမ်မှုဖြစ်ရတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့၊ လူမျိုးရေးခွဲခြားမှု မရှိဖို့ လူသားချင်းဆိုင်ရာ အကူညီတွေ ကန့်သတ်မှု မရှိဖို့နဲ့ ဘေးကင်းရေးကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်ဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒုက္ခသည်တွေ ပြန်လည်အခြေချ နေထိုင်နိုင်ဖို့နဲ့ လူသားချင်းဆိုင်ရာ အကူညီတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)