
0
445



…………………… ။ ။ ……………………

အရင် ငါးနှစ်ထက် အဆင့်မြင့်တဲ့ဘဝတွေကို ပို့ဆောင်ဖို့ အသင့်ရှိနေပြီလို့ ပြည်ခိုင်ဖြိုး ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြည်သူတွေကို အရင် ငါးနှစ်ထက် အဆင့်မြင့်တဲ့ ဘဝတွေဆီ ပို့ဆောင်ပေးဖို ့အသင့်ရှိနေပြီလို ့ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် သူတို ့ပြည်ခိုင်ဖြိုးပါတီမှာ အတွေ့အကြုံနဲ့ တိုင်းပြည်နဲ့ပြည်သူအပေါ် စေတနာရှိသူတွေ ရှိနေပြီး
အတိုက်အခံပါတီ ဖြစ်ပေမယ့် စည်းနဲ့ကမ်းနဲ့ အတိုက်အခံလုပ်နေတာ ဖြစ်တယ်လို့လည်း အတိုက်အခံ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သူက တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)