
0
293




……………………. ။ ။ ………………………..

မြန်မာကို လက်နက်ရောင်းချမှု အစ္စရေးတရားရုံးချုပ် အပြီးသတ် အမိန့်ချမယ်

အစ္စရေးတရားရုံးချုပ်ဟာ မြန်မာနိုင်ငံဆီ လက်နက်ရောင်းချမှုနဲ့ ပတ်သက်တဲ့ အယူခံလွှာကို နိုဝင်ဘာ ၈ ရက်နေ့မှာ အပြီးသတ် အမိန့်ချသွားမှာ ဖြစ်ပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေဖြစ်တဲ့ ယိုရမ် ဒန်ဇီဂါ၊ အေနက်ဘာရွန်နဲ့ ဒေးဗစ်မင့်ဇ်တို့က လျှို့ဝှက် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ဘင်္ဂါလီမွတ်စလင်တွေ အပေါ် မြန်မာအစိုးရ မျိုးနွယ်စု ရှင်းလင်းသုတ်သင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက် မြန်မာနိုင်ငံဆီ လက်နက်ရောင်း ချတာတွေကို ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရားရုံးကြားနားပွဲအတွင်း အစ္စရေးအစိုးရ ကိုယ်စားလှယ်တွေဟာ အစ္စရေးနိုင်ငံခြား ဆက်ဆံရေးကြား ဝင်စွက်ဖက်မှု မလုပ်ဖို့နဲ့ ဘယ်နိုင်ငံကို လက်နက် ရောင်းချတာ ခွင့်ပြု၊ ခွင့်မပြုဆိုတာတွေ မလုပ်ဖို့ ထပ်မံပြောဆိုခဲ့ပါတယ်။ အစ္စရေး လက်နက်ကုမ္ပဏီတွေဟာ အစိုးရရဲ့ ခွင်ပြုချက်ရမယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေဆီ လက်နက်ရောင်းချဖို့ လိုလားနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)