
0
378



………………….. ။ ။ …………………..

လုံခြုံရေးတပ်ဖွဲ့ အလွန်အကျွံ သုံးတာရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအလွန်အကျွံ မသုံးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ဖော်ပြချက်တွေ စိုးရိမ်မိကြောင်း၊ လူအခွင့်အရေး လေးစားလိုက်မှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ အရပ်သားအုပ်ချုပ်ရေးကို ပြန်ထိန်းနိုင်ဖို့၊ ရခိုင်ပြည်နယ်မှာ နောက်ထပ် အင်အား အလွန်အကျွံမသုံးဖို့ တိုက်တွန်းခဲ့ပါတယ်။

လူအခွင့်အရေး ကာကွယ်မှုနဲ့ လေစားဖို့၊ တရားဥပဒေ စိုးမိုးမှုအပါဝင် ပြည်သူတွေကို ကာကွယ်ပေးရမှာဟာ မြန်မာအစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူအခွင့်အရေး ချိုးဖောက်ခံရတယ်လို့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ပွင်းလင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)