လမ္း၊ တံတားအသံုးျပဳခေတြကို ရာျပည့္ကိန္းေတြနဲ႔ ျပင္ဆင္ေကာက္ခံေတာ့မယ္

0
343

ဒီဇင္ဘာလ ၁ ရက္ေန႔က စတင္ၿပီး လမ္း၊ တံတားအသံုးျပဳခေတြကို ရာျပည့္ကိန္းေတြနဲ႔ ျပင္ဆင္ေကာက္ခံေတာ့မယ္လို႔ ေဆာက္လုပ္ေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက BOT စနစ္နဲ႔ ေဆာင္ရြက္ေနတဲ့ လမ္းအပိုင္းေတြရွိ တိုးဂိတ္ေတြမွာ က်သင့္တဲ့ လမ္းအသံုးျပဳခ ေပးေဆာင္ရာမွာ က်ပ္စြန္း၊ ဆယ္ဂဏန္းစြန္းေတြေၾကာင့္ အေၾကြျပန္လည္ အမ္းရာမွာ အခက္အခဲေတြ ရွိေနခဲ့တာပါ။

ဒါေၾကာင့္ ျပန္လည္စီစစ္ၿပီး က်ပ္ဂဏန္း၊ ဆယ္ဂဏန္းအစြန္းေတြအစား ရာျပည့္ကိန္းေတြအျဖစ္ လာမယ့္ ဒီဇင္ဘာလ ၁ ရက္ေန႔က စတင္ ေကာက္ခံဖို႔ရွိေနတာပါ။

ဒါေၾကာင့္ အခုႏို၀င္ဘာလထဲမွာေတာ့ ပညာေပး ကာလအျဖစ္ သတ္မွတ္ေဆာင္ရြက္ေနတယ္လို႔လည္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လမ်း၊ တံတားအသုံးပြုခတွေကို ရာပြည့်ကိန်းတွေနဲ့ ပြင်ဆင်ကောက်ခံတော့မယ်

ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီး လမ်း၊ တံတားအသုံးပြုခတွေကို ရာပြည့်ကိန်းတွေနဲ့ ပြင်ဆင်ကောက်ခံတော့မယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက BOT စနစ်နဲ့ ဆောင်ရွက်နေတဲ့ လမ်းအပိုင်းတွေရှိ တိုးဂိတ်တွေမှာ ကျသင့်တဲ့ လမ်းအသုံးပြုခ ပေးဆောင်ရာမှာ ကျပ်စွန်း၊ ဆယ်ဂဏန်းစွန်းတွေကြောင့် အကြွေပြန်လည် အမ်းရာမှာ အခက်အခဲတွေ ရှိနေခဲ့တာပါ။

ဒါကြောင့် ပြန်လည်စီစစ်ပြီး ကျပ်ဂဏန်း၊ ဆယ်ဂဏန်းအစွန်းတွေအစား ရာပြည့်ကိန်းတွေအဖြစ် လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့က စတင် ကောက်ခံဖို့ရှိနေတာပါ။

ဒါကြောင့် အခုနိုဝင်ဘာလထဲမှာတော့ ပညာပေး ကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေတယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)