အမ်ိဳးသားတိုးတက္ေရးပါတီရဲ႕ အလံနဲ႔ တံဆိပ္ကို ကန္႔ကြက္ႏိုင္ဟုဆို

0
1022

အမ်ိဳးသားတိုးတက္ေရးပါတီရဲ႕ ေျပာင္းလဲအသံုးျပဳမယ့္ အလံနဲ႔ တံဆိပ္ကို ကန္႔ကြက္လိုပါက ကန္႔ကြက္ႏိုင္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က သတင္းထုတ္ျပန္လိုက္ပါတယ္။

အ၀ါေရာင္ေနာက္ခံမွာ အစိမ္းေရာင္ က ေဒါင္းပံု ပါရွိတဲ့ အမ်ိဳးသားတိုးတက္ေရးပါတီရဲ႕ အလံနဲ႔ တံဆိပ္တို႔ကို ကန္႔ကြက္လိုပါက ႏိုင္ငံေရးပါတီမ်ား ဥပေဒ၊ နည္းဥပေဒနဲ႔အညီ ကန္႔ကြက္ႏိုင္တယ္လို႔ ႏို၀င္ဘာလ ၇ ရက္ေန႔မွာ ေကာ္မရွင္က သတင္းထုတ္ျပန္ ထားတာျဖစ္ပါတယ္။ အမ်ိဳးသားတိုးတက္ေရးပါတီဟာ ႏိုင္ငံေရးပါတီမ်ား မွတ္ပံုတင္ျခင္းဥပေဒပုဒ္မ ၉ အရ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပံုတင္ထားတဲ့ ႏိုင္ငံေရးပါတီ တစ္ခုလည္းျဖစ္ပါတယ္။

အဲ့ဒီပါတီဟာ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ၁၀ ရပ္ကြက္၊ ေမတၱာလမ္းရွိ အမွတ္ ၈၈၈ တြင္ ပါတီရံုးခ်ဳပ္ ဖြင့္လွစ္ထားတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသားတိုးတက်ရေးပါတီရဲ့ အလံနဲ့ တံဆိပ်ကို ကန့်ကွက်နိုင်ဟုဆို

အမျိုးသားတိုးတက်ရေးပါတီရဲ့ ပြောင်းလဲအသုံးပြုမယ့် အလံနဲ့ တံဆိပ်ကို ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဝါရောင်နောက်ခံမှာ အစိမ်းရောင် က ဒေါင်းပုံ ပါရှိတဲ့ အမျိုးသားတိုးတက်ရေးပါတီရဲ့ အလံနဲ့ တံဆိပ်တို့ကို ကန့်ကွက်လိုပါက နိုင်ငံရေးပါတီများ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ကန့်ကွက်နိုင်တယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကော်မရှင်က သတင်းထုတ်ပြန် ထားတာဖြစ်ပါတယ်။

အမျိုးသားတိုးတက်ရေးပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ တစ်ခုလည်းဖြစ်ပါတယ်။

အဲ့ဒီပါတီဟာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ မေတ္တာလမ်းရှိ အမှတ် ၈၈၈ တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)