ရခိုင္အေရး  မီဒီယာေတြရဲ႕ စြပ္စြဲေျပာၾကားခ်က္ေတြကို ေျဖရွင္းေဆာင္ရြက္ေနရဟုဆို

0
353

ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး မီဒီယာေတြရဲ႕ စြပ္စြဲေျပာၾကားခ်က္ေတြကို ေျဖရွင္းေဆာင္ရြက္ေနရ တယ္လို႔ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိွဳင္က ေျပာၾကားလိုက္ပါတယ္။

အာဆီယံႏိုင္ငံေတြရဲ႕ ကာကြယ္ေရးနဲ႔ လံုျခံဳေရးဆိုင္ရာ ျပပြဲ (Defence&Security 2017) ကို တက္ေရာက္ဖို႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္က အင္ဒိုနီးရွားႏိုင္ငံ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General GatotNurmantyo နဲ႔ ေတြ႔ဆံုစဥ္ ေျပာၾကားလိုက္တာပါ။

အဲ့ဒီလို ေျပာၾကားတဲ့ အေပၚ အင္ဒိုနီးရွားႏိုင္ငံ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ျမန္မာ့တပ္မေတာ္အေနနဲ႔ ရခုိင္ျပည္နယ္ အေရးနဲ႔ ပတ္သက္ၿပီး ကိုင္တြယ္ေဆာင္ရြက္မွဳကို ကမၻာကသိေအာင္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္သင့္တယ္ လို႔လည္း အႀကံျပဳ ေျပာၾကားခဲ့တာျ    ဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အရေး  မီဒီယာတွေရဲ့ စွပ်စွဲပြောကြားချက်တွေကို ဖြေရှင်းဆောင်ရွက်နေရဟုဆို

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ စွပ်စွဲပြောကြားချက်တွေကို ဖြေရှင်းဆောင်ရွက်နေရ တယ်လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြပွဲ (Defence&Security 2017) ကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General GatotNurmantyo နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားတဲ့ အပေါ် အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှုကို ကမ္ဘာကသိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ် လို့လည်း အကြံပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)