မြန်မြန်မာ့တပ်မတော် ရခိုင်မှာ လူမျိုးရေးမခွဲခြားဘဲ ကူညီစောင့်ရှောက်ခဲ့တဲ့အပေါ် အင်ဒိုနီးရှားကျေးဇူးတင်

0
285

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေးမခွဲခြားပဲ ကူညီစောင့်ရှောက်ပေးနေတဲ့အပေါ် ကျေးဇူးတင်ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General GatotNurmantyo ပြောကြားလိုက်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့တပ်မတော် ရခိုင်မှာ လူမျိုးရေးမခွဲခြားဘဲ ကူညီစောင့်ရှောက်ခဲ့တဲ့အပေါ် အင်ဒိုနီးရှားကျေးဇူးတင်

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေးမခွဲခြားပဲ ကူညီစောင့်ရှောက်ပေးနေတဲ့အပေါ် ကျေးဇူးတင်ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General GatotNurmantyo ပြောကြားလိ်ုက်ပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြပွဲ (Defence&Security 2017) ကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General GatotNurmantyo တို့ သီးသန့် တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။

ဒါအပြင် ပြည်သူတွေအတွက် အကြမ်းဖက်တိုက်ခိုက်မှုရန်ကနေ ကာကွယ်ရေးဟာ ကမ္ဘာပေါ်ရှိ တပ်မတော်သားတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)