
0
370





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်ကိုသွားမယ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင်နိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေးရဲ့ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာကျင်းပပြုလုပ်မယ့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ဖို့ သွားရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်စုကြည်ဟာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ ထရမ်ဒိုင်ကွမ်ရဲ့ ဖိတ်ကြား ချက်အရလည်း ဖီယက်နမ်နိုင်ငံကို ဆက်လက်သွားရောက်ဖို့ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါနန်းမြို့မှာကျင်းပမယ့် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပတ်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲကိုလည်း တက်ရောက်ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)