ရခိုင္အေရးဟာ အမ်ိဳးသားေရး၊ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမပိုင္ဆိုင္မႈ ထိပါးမွဳအထိ ေရာက္ရွိေနၿပီ

0
386

ရခိုင္ျပည္သူေတြရဲ႕ အေရးဟာ အမ်ိဳးသားေရး၊ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမပိုင္ဆိုင္မႈ ထိပါးမွဳအထိ ေရာက္ရွိေနၿပီလို႔ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သံလြင္လမ္းရွိ အမ်ိဳးသမီးဖြံ႔ၿဖိဳးတိုးတက္ေရးဌာနမွာ က်င္းပျပဳလုပ္တဲ့ ရခုိင္ျပည္နယ္ အတြင္း လူသားခ်ုင္းစာနာမႈအကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးျပည္ ေထာင္စုစီမံကိန္း (UEHRD) လုပ္ငန္းစဥ္မွာ ပါဝင္ေဆာင္ရြက္မယ့္ ေစတနာ့ဝန္ထမ္းလူငယ္ေတြအတြက္ လုပ္ငန္းခြင္ အႀကိဳသင္တန္းဖြင့္ပြဲမွာ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္တာပါ။

အခုဖြင့္လွစ္ေနတဲ့ ပထမအႀကိမ္ သင္တန္းကို ရခုိင္ျပည္နယ္နဲ႔ အျခားျပည္နယ္နဲ႔ တုိင္းေဒသႀကီးေတြက သင္တန္း သူ၊ သင္တန္းသား စုစုေပါင္း (၈၃) ဦး တက္ေရာက္ေနၾကတာပါ။

အဲ့ဒီသင္တန္းၿပီးဆံုးသြားရင္ေတာ့ တစ္ဖြဲ႕ကို  (၂၀) ဦးစီပါဝင္မယ့္ လူငယ္အဖြဲ႕ေတြကို ဖြဲ႔စည္းၿပီး တစ္ႀကိမ္ကို  ရက္ (၂၀) ၾကာအလွည့္က် သြားေရာက္ ကူညီေပးသြားၾကမွာ ျဖစ္ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အရေးဟာ အမျိုးသားရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု ထိပါးမှုအထိ ရောက်ရှိနေပြီ

ရခိုင်ပြည်သူတွေရဲ့ အရေးဟာ အမျိုးသားရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု ထိပါးမှုအထိ ရောက်ရှိနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သံလွင်လမ်းရှိ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှာ ကျင်းပပြုလုပ်တဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချုင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည် ထောင်စုစီမံကိန်း (UEHRD) လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် စေတနာ့ဝန်ထမ်းလူငယ်တွေအတွက် လုပ်ငန်းခွင် အကြိုသင်တန်းဖွင့်ပွဲမှာ ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။

အခုဖွင့်လှစ်နေတဲ့ ပထမအကြိမ် သင်တန်းကို ရခိုင်ပြည်နယ်နဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက သင်တန်း သူ၊ သင်တန်းသား စုစုပေါင်း (၈၃) ဦး တက်ရောက်နေကြတာပါ။

အဲ့ဒီသင်တန်းပြီးဆုံးသွားရင်တော့ တစ်ဖွဲ့ကို  (၂၀) ဦးစီပါဝင်မယ့် လူငယ်အဖွဲ့တွေကို ဖွဲ့စည်းပြီး တစ်ကြိမ်ကို  ရက် (၂၀) ကြာအလှည့်ကျ သွားရောက် ကူညီပေးသွားကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)