ARSA အၾကမ္းဖက္သမားေတြ ခိုေအာင္းခဲ့တဲ့ လိႈဏ္ဂူထဲက ကိုရမ္က်မ္းေတြ ေတြ႔ရွိ

0
285

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ARSA အစြန္းေရာက္အၾကမ္းဖက္သမားေတြ ခိုေအာင္းခဲ့တဲ့ လူလုပ္လိႈဏ္ဂူ ၃ ခုကို ေတြ႔ရွိခဲ့တယ္လို႔ အစိုးရ သတင္းထုတ္ျပန္ထားပါတယ္။

ႏို၀င္ဘာလ ၅ ရက္ေန႔က လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြဟာ သတင္းအရ ေက်ာက္ပႏၱဳနဲ႔ သေဘၤာေကြ႕ေက်းရြာေတြအနီးမွာ ရွာေဖြ ေတြ႔ရွိခဲ့တာပါ။ ဒီလိုေတြ႔ရွိတဲ့ထဲမွာေတာ့ သေဘၤာေကြ႕ေက်းရြာရဲ႕ အေရွ႕ဘက္ေတာင္ကုန္းမွာ  အၾကမ္းဖက္ သမား ၂၀ ကေန ၂၅ ဦးေလာက္အထိ ခိုေအာင္းႏိုင္တဲ့ ဂူတစ္ခုနဲ႔ ေက်ာက္ပႏၱဳေက်းရြာ အနီးမွာေတာ့ လိႈဏ္ဂူ ၂ ခုတို႔ကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

သေဘၤာေကြ႕ေက်းရြာေတြအနီး လိႈဏ္ဂူထဲကေန ကိုရမ္က်မ္း စာအုပ္ ၃ အုပ္နဲ႔အတူ သေဘၤာေကြ႕ေက်းရြာေန မာမတ္တူေဆာင္း (ဘ) မိုဟာမတ္ကာလာမ်ာနဲ႔ ေက်ာက္ပႏၱဳေက်းရြာေန အဒူဟာလိပ္ (ဘ) အာဘူဟာရွိန္းတို႔ရဲ႕ အမည္မ်ားပါရွိတဲ့ ေက်ာင္းသား ကတ္ ၂ ခုတို႔ကိုလည္း ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ARSA အကြမ်းဖက်သမားတွေ ခိုအောင်းခဲ့တဲ့ လှိုဏ်ဂူထဲက ကိုရမ်ကျမ်းတွေ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေ ခိုအောင်းခဲ့တဲ့ လူလုပ်လှိုဏ်ဂူ ၃ ခုကို တွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ ကျောက်ပန္တုနဲ့ သင်္ဘောကွေ့ကျေးရွာတွေအနီးမှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဒီလိုတွေ့ရှိတဲ့ထဲမှာတော့ သင်္ဘောကွေ့ကျေးရွာရဲ့ အရှေ့ဘက်တောင်ကုန်းမှာ  အကြမ်းဖက် သမား ၂၀ ကနေ ၂၅ ဦးလောက်အထိ ခိုအောင်းနိုင်တဲ့ ဂူတစ်ခုနဲ့ ကျောက်ပန္တုကျေးရွာ အနီးမှာတော့ လှိုဏ်ဂူ ၂ ခုတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သင်္ဘောကွေ့ကျေးရွာတွေအနီး လှိုဏ်ဂူထဲကနေ ကိုရမ်ကျမ်း စာအုပ် ၃ အုပ်နဲ့အတူ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း (ဘ) မိုဟာမတ်ကာလာမျာနဲ့ ကျောက်ပန္တုကျေးရွာနေ အဒူဟာလိပ် (ဘ) အာဘူဟာရှိန်းတို့ရဲ့ အမည်များပါရှိတဲ့ ကျောင်းသား ကတ် ၂ ခုတို့ကိုလည်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)