ရဲတပ္ဖြဲ႔၀င္ေတြ ပစ္ခက္တိုက္ခိုက္ခံရမွဳနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ကို ကန္႔ကြက္

0
245

နယ္ျခားေစာင့္ရဲတပ္ဖြဲ႔၀င္ေတြ ပစ္ခက္တိုက္ခိုက္ခံရမွဳနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္အစိုးရကို ျမန္မာ အစိုးရက ကန္႔ကြက္ လိုက္ပါတယ္။

ႏို၀င္ဘာလ ၅ ရက္ေန႔ ညေနပိုင္းက နယ္စပ္ၿခံစည္း႐ိုးေတြကို လိုက္လံစစ္ေဆးခဲ့တဲ့ နယ္ျခားေစာင့္ လံုျခံဳေရးရဲတပ္ဖြဲ႔၀င္ မိုင္တိုင္ ၄၅ နဲ႔ ၄၆ ျခားမွာ တိုက္ခိုက္ခံခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ျခမ္း ေတာင္ကုန္းတစ္ခုေပၚကေန လက္နက္ငယ္ေတြနဲ႔ အခ်က္ ၂၀ ကေန ၃၀ ၾကား ပစ္ခတ္ တိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။

အဲ့ဒီလို ပစ္ခတ္တိုက္ခိုက္ခံရမွဳနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ အမွတ္ (၁) နယ္ျခားေစာင့္ ရဲကြပ္ကဲေရးမွဴးက ဘဂၤလားေဒ့ရွ္ႏုိင္ငံ ၊ စစ္တေကာင္းၿမိဳ႕၊ အေရွ႕ေတာင္ပိုင္း တုိင္းေဒသ ကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ ေဒသကြပ္ကဲ ေရးမွဴးဆီကို ကန္႔ကြက္စာ ေပးပို႔ခဲ့တာပါ။

အဲ့ဒီကန္႔ကြက္စာထဲမွာေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကေန အခုလို ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့ လက္နက္ကိုင္ေတြကို စိစစ္ေဖာ္ထုတ္ေပးဖို႔ကိုလည္း ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ကို ကန့်ကွက်

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကို မြန်မာ အစိုးရက ကန့်ကွက် လိုက်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက နယ်စပ်ခြံစည်းရိုးတွေကို လိုက်လံစစ်ဆေးခဲ့တဲ့ နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် မိုင်တိုင် ၄၅ နဲ့ ၄၆ ခြားမှာ တိုက်ခိုက်ခံခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း တောင်ကုန်းတစ်ခုပေါ်ကနေ လက်နက်ငယ်တွေနဲ့ အချက် ၂၀ ကနေ ၃၀ ကြား ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ စစ်တကောင်းမြို့၊ အရှေ့တောင်ပိုင်း တိုင်းဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဒေသကွပ်ကဲ ရေးမှူးဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တာပါ။

အဲ့ဒီကန့်ကွက်စာထဲမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ အခုလို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ လက်နက်ကိုင်တွေကို စိစစ်ဖော်ထုတ်ပေးဖို့ကိုလည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)