
0
343

ထိုင်းအစိုးရက ရခိုင်ဒုက္ခသည်တွေအတွက် ဘတ်ငွေ ၁၀သန်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ ပေးမယ်လို့ အောက်တိုဘာ ၆ ရက်က ပြောလိုက်ပြီး အဲဒီကူညီထောက်ပံ့ငွေတွေကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတဆင့် ပေးအပ်လှူဒါန်းမှာဖြစ်ပါတယ်။


……………….. ။ ။ ………………….

ထိုင်းက ရခိုင်ဒုက္ခသည်တွေအတွက် ဘတ်ငွေ ၁၀ သန်းလှူဒါန်း

ထိုင်းအစိုးရက ရခိုင်ဒုက္ခသည်တွေအတွက် ဘတ်ငွေ ၁၀သန်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ ပေးမယ်လို့ အောက်တိုဘာ ၆ ရက်က ပြောလိုက်ပြီး အဲဒီကူညီထောက်ပံ့ငွေတွေကို နိုင်ငံတကာကြက်ခြေနနီအဖွဲ့ကတဆင့် ပေးအပ်လှူဒါန်းမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဘူဆာတီဆန်ဒီပီတတ်က လှူဒါန်းငွေတွေကို တစ်ပတ်ကို ဘတ် ၅ သိန်းစီခွဲဝေပြီး ကြက်ခြေနီအဖွဲ့ကို ပေးအပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ ရခိုင်အရေးကိစတွေကို အလေးအနက်ထားပြီး အနီးကပ်စောင့်ကြည့်နေတယ်လို ့လည်း သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)