
0
94




ခေါင်းနှစ်ဆ ကြည်ဖို့ နဲ့ ကုန်ပစ္စည်းအတု နည်းပါးသွားစေဖို့ အရက်ကို အခွန်လျော့ကောက်သင့်

ကောင်းမွန်တဲ့ အရက်အရည်အသွေးသောက်မှ နောက်ရက်မှာ ခေါင်းနှစ်ဆကြည်ဖို့ နဲ့ ကုန်ပစ္စည်းအတု နည်းပါးသွားစေဖို့ အခွန်လျှော့ကောက်သင့်ကြောင်း စမ်းချောင်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။

၂၀၁၉ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းနဲ့ ပက်သက်ပြီး ကိုယ်စားလှယ်တွေ က စက်တင်ဘာ ၆ ရက်နေ့က ပြည် ထောင်စုလွှတ်တော်မှာ ဆွေးနွေးရာမှာ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။

အရက် အရည်အသွေး ကောင်းကောင်းသောက်မှ နောက်တစ်နေ့ ခေါင်းနှစ်ဆကြည်မှာဖြစ်ကြောင်းနဲ့ အခွန်မြင့်မားတာကြောင့် တင်သွင်းမှုနည်းပါးကာ အခွန် ရလမ်း နည်းပါးမှာဖြစ်ပြီး တရားမဝင်တင်သွင်းမှုနဲ့ အတူ ကုန်ပစ္စည်းအတုတွေ တိုးပွားလာမှာဖြစ်ကြောင်း ဦးဘိုဘိုဦးက ပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)