ဦးကုိနီ လုပ္ၾကံသတ္ျဖတ္မႈမွာ ပါ၀င္ခဲ့တဲ့ ေအာင္၀င္းထြနး္ကုိ စတင္စစ္ေဆး

0
272

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို လုပ္ႀကံသတ္ျဖတ္မႈမွာပါ၀င္္ခဲ့တဲ့ ေအာင္၀င္းေဇာ္ကုိ ကရင္ျပည္နယ္ဘက္ပုိ႔ ေဆာင္ေပးခဲ့တဲ့ ေအာင္၀င္းထြန္းကုိ မေန႔က ရန္ကုန္ေျမာက္ပိုင္းခ႐ုိင္တရာ႐ုံး ၇၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာ စတင္စစ္ေဆးေနၿပီ ျဖစ္ပါတယ္။

ဦးကိုနီကုိ လုပ္ၾကံသတ္ျဖတ္ဖုိ႔ ၾကည္လင္းကုိ ေစခုိင္းမႈနဲ႔တရားစြဲဆုိခံထားရတဲ့ ေအာင္၀င္းေဇာ္ကုိ ကရင္ျပည္နယ္ဘက္ လုိက္ပါပို႔ေဆာင္ေပးခဲ့တဲ့ အခ်ဳပ္လြတ္အာမခံရရွိထားတဲ့ ေအာင္၀င္းထြန္းကုိ အဓိက စစ္ေဆးမႈေတြျပဳေနတာျဖစ္ပါတယ္ ။

ပုဒ္မ ၂၁၂နဲ႔ တရားစြဲဆုိခံထားရတဲ့ ေအာင္၀င္းထြန္းရဲ႕ ေရွ႕ေနျဖစ္တဲ့ တရားလႊတ္ေတ္ာေရွ႕ေန ဦးေက်ာ္ေက်ာ္ထုိက္က ပညာရွင္ေရွ႕ေနေတြအေနနဲ႔ သက္ေသခံဥပေဒပါျပဌာန္းခ်က္ေတြကုိ လုပ္ထုံးလုပ္နည္းနဲ႔ မွန္ကန္ျပည့္စုံေအာင္ျပနုိင္ဖုိ႔လုိအပ္ေနၿပီး ထုေခ်ပုိင္ခြင့္ဟာ ဥပေဒအရ တရားခံေတြမွာ ရွိတယ္လုိ႔ ႐ုံးခ်ိန္းအၿပီးမွာ ေျပာဆုိခဲ့ပါတယ္။

ပုဒ္မအသီးသီးနဲ႔ စြဲခ်က္တင္ခံထားရတဲ့ တရားခံၾကည္လင္းအပါအ၀င္ အမႈမွာပါ၀င္ပက္သက္သူေတြျဖစ္တဲ့ ေအာင္၀င္းေဇာ္၊ ေဇယ်ာၿဖိဳးတုိ႔ကုိ စစ္ေဆးခဲ့ၿပီးေနာက္ အခုတစ္ႀကိမ္မွာေတာ့ ေအာင္၀င္းထြနး္ကုိ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ အောင်ဝင်းထွနး်ကို စတင်စစ်ဆေး

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ အောင်ဝင်းဇော်ကို ကရင်ပြည်နယ်ဘက်ပို့ ဆောင်ပေးခဲ့တဲ့ အောင်ဝင်းထွန်းကို မနေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရာရုံး ၇၃ ကြိမ်မြောက် ရုံးချိန်းမှာ စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ကြည်လင်းကို စေခိုင်းမှုနဲ့တရားစွဲဆိုခံထားရတဲ့ အောင်ဝင်းဇော်ကို ကရင်ပြည်နယ်ဘက် လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ အချုပ်လွတ်အာမခံရရှိထားတဲ့ အောင်ဝင်းထွန်းကို အဓိက စစ်ဆေးမှုတွေပြုနေတာဖြစ်ပါတယ် ။

ပုဒ်မ ၂၁၂နဲ့ တရားစွဲဆိုခံထားရတဲ့ အောင်ဝင်းထွန်းရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပညာရှင်ရှေ့နေတွေအနေနဲ့ သက်သေခံဥပဒေပါပြဌာန်းချက်တွေကို လုပ်ထုံးလုပ်နည်းနဲ့ မှန်ကန်ပြည့်စုံအောင်ပြနိုင်ဖို့လိုအပ်နေပြီး ထုချေပိုင်ခွင့်ဟာ ဥပဒေအရ တရားခံတွေမှာ ရှိတယ်လို့ ရုံးချိန်းအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ပုဒ်မအသီးသီးနဲ့ စွဲချက်တင်ခံထားရတဲ့ တရားခံကြည်လင်းအပါအဝင် အမှုမှာပါဝင်ပက်သက်သူတွေဖြစ်တဲ့ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို စစ်ဆေးခဲ့ပြီးနောက် အခုတစ်ကြိမ်မှာတော့ အောင်ဝင်းထွနး်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)