ရခိုင္ျပည္နယ္ အေရးက မီဒီယာစစ္ပြဲ မဟုတ္ဘူးလို႔ ဝန္ႀကီး ေဒါက္တာ ေဖျမင့္ ေျပာ

0
294

ရခိုင္ျပည္နယ္ အေရးဟာ ႏိုင္ငံေရးစစ္ပြဲျဖစ္ၿပီး မီဒီယာ မ်က္ႏွာစာမွာ ထင္ဟပ္လာတာ ျဖစ္ေၾကာင္းနဲ႔ မီဒီယာ စစ္ပြဲလို႔ မွတ္ယူပါက အရင္းခံျပႆနာနဲ႔ လြဲေခ်ာ္သြားႏိုင္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ေဖျမင့္က ေျပာပါတယ္။

ကမာၻေပၚမွာ တစ္ဖက္သတ္ အတိုက္ခိုက္ခံေနရတဲ့ ရခိုင္ျပည္နယ္ အေရးမွာ ႏိုင္ငံပိုင္ မီဒီယာေတြရဲ႕ စြမ္းေဆာင္ရည္က မ်ားစြာ လိုအပ္ခ်က္ရွိေနေၾကာင္း၊ ကမာၻ႔မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ကို ျပန္လည္ ေခ်ဖ်က္ေပးႏိုင္ျခင္း မရွိတာဟာ အႀကီးမားဆံုး ဆံုး႐ံႈးမႈျဖစ္ေၾကာင္း ဆိုတာနဲ႔ ပတ္သက္လို႔ မေန႔က စက္တင္ဘာ ၆ ရက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဝန္ႀကီး ေဒါက္တာ ေဖျမင့္က ေျပာၾကားသြားတာ ျဖစ္ပါတယ္။

အင္အားေသးငယ္ရျခင္း အေၾကာင္းအရင္းက ႏိုင္ငံမီဒီယာေတြ မူလ တည္ေဆာက္စဥ္က အစိုးရနဲ႔ ျပည္သူၾကား ဆက္သြယ္ေပးဖို႔ ရည္ရြယ္ခဲ့လို႔ ျဖစ္ေၾကာင္း၊ ကမာၻကို ထိုးေဖာက္ဖို႔ဆိုရင္ မီဒီယာဆိုင္ရာ အေျခခံအေဆာက္အအံုေတြ၊ လူသားရင္းျမစ္ေတြ ျဖည့္တင္းဖို႔ လိုေၾကာင္း၊ အဲဒီအတြက္ ေငြနဲ႔ အခ်ိန္ကာလ ရင္းႏွီးျမွဳပ္ႏွံဖို႔ လိုေၾကာင္းလည္း ဝန္ႀကီး ေဒါက္တာ ေဖျမင့္က ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အရေးက မီဒီယာစစ်ပွဲ မဟုတ်ဘူးလို့ ဝန်ကြီး ဒေါက်တာ ဖေမြင့် ပြော

ရခိုင်ပြည်နယ် အရေးဟာ နိုင်ငံရေးစစ်ပွဲဖြစ်ပြီး မီဒီယာ မျက်နှာစာမှာ ထင်ဟပ်လာတာ ဖြစ်ကြောင်းနဲ့ မီဒီယာ စစ်ပွဲလို့ မှတ်ယူပါက အရင်းခံပြဿနာနဲ့ လွဲချော်သွားနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ တစ်ဖက်သတ် အတိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံပိုင် မီဒီယာတွေရဲ့ စွမ်းဆောင်ရည်က များစွာ လိုအပ်ချက်ရှိနေကြောင်း၊ ကမ္ဘာ့မီဒီယာတွေရဲ့ ဖော်ပြချက်ကို ပြန်လည် ချေဖျက်ပေးနိုင်ခြင်း မရှိတာဟာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း ဆိုတာနဲ့ ပတ်သက်လို့ မနေ့က စက်တင်ဘာ ၆ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားသွားတာ ဖြစ်ပါတယ်။

အင်အားသေးငယ်ရခြင်း အကြောင်းအရင်းက နိုင်ငံမီဒီယာတွေ မူလ တည်ဆောက်စဉ်က အစိုးရနဲ့ ပြည်သူကြား ဆက်သွယ်ပေးဖို့ ရည်ရွယ်ခဲ့လို့ ဖြစ်ကြောင်း၊ ကမ္ဘာကို ထိုးဖောက်ဖို့ဆိုရင် မီဒီယာဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ လူသားရင်းမြစ်တွေ ဖြည့်တင်းဖို့ လိုကြောင်း၊ အဲဒီအတွက် ငွေနဲ့ အချိန်ကာလ ရင်းနှီးမြှုပ်နှံဖို့ လိုကြောင်းလည်း ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)