
0
239




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စားနပ်ရိက္ခာ ဖူလုံရေးအတွက် IFC က ကူညီမယ်

ကမ္ဘာ့ဘဏ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို အကူအညီပေးဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံရေး တိုးတက်စေဖို့ အကူအညီပေးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူ စာချုပ်ကနေ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဝက်ဘ် ဝိုင်ယာ သတင်းက ဖော်ပြပါတယ်။

အခု သဘောတူစာချုပ်ဟာ မနှစ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာတုန်းက ဆွေးနွေးချက်ကို အကောင်အထည် ဖော်တာဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၃၈ ရာခိုင်နှုန်းရှိကာ ပြည်ပပို့ကုန်ရဲ့ ၂၃ ရာခိုင်နှုန်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)