မေလးရွားက ခ်င္းေတြကို ဒုကၡသည္ အျဖစ္က မပယ္ဖ်က္ဖို႔ လူ႔အခြင့္အေရးအဖြဲ႔ ေတာင္းဆို

0
245

မေလးရွားမွာ ေရာက္ရွိေနတဲ့ ခ်င္းဒုကၡသည္ေတြကို ဒုကၡသည္အျဖစ္ သတ္မွတ္ခ်က္ကေန မပယ္ဖ်က္ဖို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) ကို လူ႔အခြင့္အေရး အဖြဲ႔တစ္ခုက တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံက လာတဲ့ ခ်င္းလူမ်ိဳးေတြကို ဒုကၡသည္အဆင့္က ပယ္ဖ်က္ဖို႔ HNHCR ရဲ႕ မၾကာေသးခင္က ဆံုးျဖတ္ခ်က္ဟာ မေလးရွားႏိုင္ငံရွိ ခ်င္းလူမ်ိဳး ၃၀၁၄၀ နဲ႔ အိႏၵိယႏိုင္ငံရွိ ခ်င္းလူမ်ိဳး ၃ ေထာင္တို႔အေပၚ သက္ေရာက္မႈ ရွိလာမွာ ျဖစ္တဲ့အတြက္ အလြန္အမင္း စိုးရိမ္ေၾကာင္း အာရွ ပစိဖိတ္ ဒုကၡသည္ အခြင့္အေရး ကြန္ရက္ (APRRN) က ေျပာတယ္လို႔ The Star အြန္လိုင္း သတင္းစာက ေဖာ္ျပပါတယ္။

ဒီဆံုးျဖတ္ခ်က္ကို အေကာင္အထည္ ေဖာ္မယ္ဆိုရင္ ဒုကၡသည္အျဖစ္ကေန တရားမွ်တမႈ မရွိဘဲ ပယ္ဖ်က္ခံရမွာ ျဖစ္ေၾကာင္း၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဦးေဆာင္တဲ့ အစိုးရဟာ အျပဳသေဘာေဆာင္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈေတြ လုပ္ေနေပမယ့္ တိုင္းရင္းသား ေဒသေတြမွာ ဘာမွ အေကာင္အထည္ မေပၚေသးဘူးလို႔ APRRN ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားက ချင်းတွေကို ဒုက္ခသည် အဖြစ်က မပယ်ဖျက်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မလေးရှားမှာ ရောက်ရှိနေတဲ့ ချင်းဒုက္ခသည်တွေကို ဒုက္ခသည်အဖြစ် သတ်မှတ်ချက်ကနေ မပယ်ဖျက်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို လူ့အခွင့်အရေး အဖွဲ့တစ်ခုက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက လာတဲ့ ချင်းလူမျိုးတွေကို ဒုက္ခသည်အဆင့်က ပယ်ဖျက်ဖို့ HNHCR ရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ဟာ မလေးရှားနိုင်ငံရှိ ချင်းလူမျိုး ၃၀၁၄၀ နဲ့ အိန္ဒိယနိုင်ငံရှိ ချင်းလူမျိုး ၃ ထောင်တို့အပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်တဲ့အတွက် အလွန်အမင်း စိုးရိမ်ကြောင်း အာရှ ပစိဖိတ် ဒုက္ခသည် အခွင့်အရေး ကွန်ရက် (APRRN) က ပြောတယ်လို့ The Star အွန်လိုင်း သတင်းစာက ဖော်ပြပါတယ်။

ဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်မယ်ဆိုရင် ဒုက္ခသည်အဖြစ်ကနေ တရားမျှတမှု မရှိဘဲ ပယ်ဖျက်ခံရမှာ ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဟာ အပြုသဘောဆောင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေပေမယ့် တိုင်းရင်းသား ဒေသတွေမှာ ဘာမှ အကောင်အထည် မပေါ်သေးဘူးလို့ APRRN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)