ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုဘယ္လ္ဆု ျပန္သိမ္းဖို႔ လက္မွတ္စုေဆာင္း၊ ျပ႒ာန္းခ်က္အရ ျပန္သိမ္းမွာ မဟုတ္

0
368

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ အက်ပ္အတည္းေတြ မတားဆီးဘူးဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ ၁၉၉၁ မွာ ရထားတဲ့ ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုကို ျပန္႐ုပ္သိမ္းခိုင္းဖို႔ လက္မွတ္စုေဆာင္းတဲ့ ႏိုင္ငံတကာ လႈပ္ရွားမႈကို လုပ္ေဆာင္ေနၾကပါတယ္။

 

Change.org ဆိုတဲ့ ဝက္ဘ္ဆိုဒ္ကတဆင့္ လက္မွတ္စုေဆာင္းေနရာမွာ လက္မွတ္ေရးထိုးသူ ေလာေလာဆယ္အထိ ၃ သိန္း ၆ ေသာင္းေက်ာ္ ရရွိေနတယ္လို႔ ေဖာ္ျပပါတယ္။ ၿငိမ္းခ်မ္းေရးကို မထိန္းသိမ္းႏိုင္ရင္ ၿငိမ္းခ်မ္းေရးဆုကို ျပန္ေပးသင့္တယ္၊ ႏိုဘယ္လ္ဆု ခ်ီးျမွင့္ေရး ေကာ္မတီက ဆုကို ျပန္သိမ္းသင့္တယ္လို႔ လက္မွတ္စုေဆာင္းတဲ့ ဆိုဒ္မွာ ေရးသားထားပါတယ္။

ဒါေပမယ့္ ႏိုဘယ္လ္ ေဖာင္ေဒးရွင္းရဲ႕ ျပ႒ာန္းခ်က္ ပုဒ္မ ၁၀ အရ ဆုခ်ီးျမွင့္ျခင္းႏွင့္ စပ္လ်ဥ္း၍ ဆုခ်ီးျမွင့္ေရး အဖြဲ႔၏ ဆံုးျဖတ္ခ်က္ကို ဆန္႔က်င္ေသာ အယူခံမ်ား လုပ္ပိုင္ခြင့္ မရွိေစရလို႔ ျပ႒ာန္းထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဆုလက္ခံရယူတဲ့ ႏွစ္မွာ ေကာ္မတီရဲ႕ လက္ေထာက္အဖြဲ႔ဝင္ျဖစ္သူ မစၥတာ ဂန္နာ စတဲလ္တစက္ ကလည္း ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုတစ္ခုကို ဘယ္ေတာ့မွ ျပန္သိမ္းမွာ မဟုတ္ပါဘူး၊ ေနာက္ၿပီး ေကာ္မတီအေနနဲ႔ ဆုရွင္ကို ႐ႈတ္ခ်တာ၊ အျပစ္တင္တာေတြ လုပ္မွာ မဟုတ္ဘူးလို႔ နယူးေယာက္တိုင္းမ္ သတင္းစာကို ေျပာဆိုခဲ့ၿပီး ျဖစ္ပါတယ္။
…………………………………………….။ ။ ………………………………………………

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု ပြန်သိမ်းဖို့ လက်မှတ်စုဆောင်း၊ ပြဋ္ဌာန်းချက်အရ ပြန်သိမ်းမှာ မဟုတ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေ မတားဆီးဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ၁၉၉၁ မှာ ရထားတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပြန်ရုပ်သိမ်းခိုင်းဖို့ လက်မှတ်စုဆောင်းတဲ့ နိုင်ငံတကာ လှုပ်ရှားမှုကို လုပ်ဆောင်နေကြပါတယ်။

Change.org ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကတဆင့် လက်မှတ်စုဆောင်းနေရာမှာ လက်မှတ်ရေးထိုးသူ လောလောဆယ်အထိ ၃ သိန်း ၆ သောင်းကျော် ရရှိနေတယ်လို့ ဖော်ပြပါတယ်။ ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်ရင် ငြိမ်းချမ်းရေးဆုကို ပြန်ပေးသင့်တယ်၊ နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီက ဆုကို ပြန်သိမ်းသင့်တယ်လို့ လက်မှတ်စုဆောင်းတဲ့ ဆိုဒ်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် နိုဘယ်လ် ဖောင်ဒေးရှင်းရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၁၀ အရ ဆုချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ဆုချီးမြှင့်ရေး အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သော အယူခံများ လုပ်ပိုင်ခွင့် မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံရယူတဲ့ နှစ်မှာ ကော်မတီရဲ့ လက်ထောက်အဖွဲ့ဝင်ဖြစ်သူ မစ္စတာ ဂန်နာ စတဲလ်တစက် ကလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုတစ်ခုကို ဘယ်တော့မှ ပြန်သိမ်းမှာ မဟုတ်ပါဘူး၊ နောက်ပြီး ကော်မတီအနေနဲ့ ဆုရှင်ကို ရှုတ်ချတာ၊ အပြစ်တင်တာတွေ လုပ်မှာ မဟုတ်ဘူးလို့ နယူးယောက်တိုင်းမ် သတင်းစာကို ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)