က်ံဳေပ်ာ္ၿမိဳ႕နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဆႏၵထုတ္ေဖာ္

0
238

ဧရာဝတီတိုင္းေဒသႀကီး က်ံဳပ်ာ္ၿမိဳ႕နယ္ အင္ရဲေက်းရြာအုပ္စုမွာ ရပ္ကြက္ျခင္းစပ္တံတားတည္ေဆာက္တဲ႔ေနရာ ေျပာင္းလဲလိုက္တာေၾကာင့္ ေဒသခံျပည္သူေတြက က်ံဳေပ်ာ္ျမိဳ႕ေပၚမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

စက္တင္ဘာလ ၆ ရက္ေန႔က ေဒသခံရြာသား ၂၅၀ နီးပါးက ေဒသခံျပည္သူတို႔ရဲ႕ အသံကို ေလးစားလိုက္နာဖို႔နဲ႕ အုပ္ခ်ဳပ္ေရးမွဴးကို တာဝန္မွရပ္စဲေပးဖို႔ ဆႏၵျပခဲ႔ၾကတာျဖစ္ပါတယ္။ အခုတံတားေဆာက္လုပ္မယ့္ ေနရာသစ္ဟာ အိမ္ေျမေနရာေတြ၊ ေက်းရြာအထက္တန္း စာသင္ေက်ာင္းေတြနဲ႔ မလြတ္ကင္းတဲ႔ေနရာမွာ ရွိေနတာပါ။

ဒါ့အျပင္ တံတားသစ္ေဆာက္လုပ္ေရး စီမံကိန္းအတြက္ ဖယ္ရွားေပးရမယ့္ အိမ္ျခံေျမေတြ၊ အိမ္ေထာင္စုေတြကို နစ္နာေၾကးေပးဖို႔အတြက္ အုပ္ခ်ဳပ္ေရးမွဴးက အိေထာင္စုတစ္စုကို ေငြက်ပ္ ၅၀၀၀ ေကာက္ခံတာေတြရွိေနတာေၾကာင့္ အခုလိုဆႏၵျပရတာျဖစ္တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

……………………………………………… ။ ။ ………………………………………………..

ကျုံပျော်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျာ်မြို့နယ် အင်ရဲကျေးရွာအုပ်စုမှာ ရပ်ကွက်ခြင်းစပ်တံတားတည်ဆောက်တဲ့နေရာ ပြောင်းလဲလိုက်တာကြောင့် ဒေသခံပြည်သူတွေက ကျုံပျော်မြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့က ဒေသခံရွာသား ၂၅၀ နီးပါးက ဒေသခံပြည်သူတို့ရဲ့ အသံကို လေးစားလိုက်နာဖို့နဲ့ အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲပေးဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အခုတံတားဆောက်လုပ်မယ့် နေရာသစ်ဟာ အိမ်မြေနေရာတွေ၊ ကျေးရွာအထက်တန်း စာသင်ကျောင်းတွေနဲ့ မလွတ်ကင်းတဲ့နေရာမှာ ရှိနေတာပါ။ ဒါ့အပြင် တံတားသစ်ဆောက်လုပ်ရေး စီမံကိန်းအတွက် ဖယ်ရှားပေးရမယ့် အိမ်ခြံမြေတွေ၊ အိမ်ထောင်စုတွေကို နစ်နာကြေးပေးဖို့အတွက် အုပ်ချုပ်ရေးမှူးက အိထောင်စုတစ်စုကို ငွေကျပ် ၅၀ဝ၀ ကောက်ခံတာတွေရှိနေတာကြောင့် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)