
0
338





………………………………………….။ ။ …………………………………………..

လုံခြုံရေးကောင်စီမှာ ပိတ်ဆို့မှုတွေလုပ်ဖို့ တရုတ်၊ ရုရှားတို့ နဲ့ မြန်မာဆွေးနွေး
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရခိုင်ပြည်နယ်ရှိဘင်္ဂါလီ အရေးနဲ့ပတ်သက်ပြီး အရေးဆိုလာချိန်မှာ ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ မြန်မာနိုင်ငံ ဟာ ရုရှား၊ တရုတ်နိုင်ငံတို့ နဲ့ဆွေးနွေးမှုတွေလုပ်နေပါတယ်။ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ သတင်းအမှားတွေကို ဖန်တီးခဲ့တဲ့ အကြမ်းဖက်သမားတွေအပေါ် ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအကြံပေး ဦးသောင်းထွန်းက လုံခြုံရေးကောင်စီကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေရှိခဲ့မယ်ဆိုရင် ပိတ်ဆို့မှုတွေလုပ်ပေးဖို့ တရုတ် ၊ ရုရှားတို့ နဲ့ဆွေးနွေးတာတွေတော့ရှိပါတယ်လို့ပြောခဲ့ပါတယ်။ ဦးသောင်းထွန်းက တရုတ်နိုင်ငံ ဟာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံဖြစ်သလို့ ရုရှားနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေး တွေရှိနေပါတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)