ကြန္ပ်ဴတာ နည္းပညာသံုးၿပီး SME လုပ္ငန္း ဖြံ႕ၿဖိဳးေရး Microsoft နဲ႔ ေဆြးေႏြး

0
351

ကြန္ပ်ဴတာ နည္းပညာကို အသံုးျပဳျပီး ျမန္မာ့အေသးစားအလတ္စား SME လုပ္ငန္းေတြ ဖြံ႕ၿဖိဳးလာေရး ကူညီဖို႔ Microsoft Asia Pacific နဲ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္တို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ဒီကေန႔ စက္တင္ဘာ ၇ ရက္က အသင္းခ်ဳပ္ရံုးမွာ Microsoft Asia Pacific ရဲ႕ Southeast Asia New Markets General Manager Ms. Michelle Simmons နဲ႔ အသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္း၀င္း တို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ေဆြးေႏြးပြဲမွာ လုပ္ငန္းသံုး Software ေတြကို မိတ္ဆက္အသံုးျပဳေစမယ့္ နည္းလမ္းမ်ိဳးအျပင္ လက္ရွိလူသိမ်ားတဲ့ Excel လို software မ်ိဳးကို ျပည့္ျပည့္ဝဝ အသံုးခ်ႏိုင္လာေအာင္ အသိပညာေပး အစီအစဥ္ေတြ၊ သင္တန္းပို႔ခ်တာေတြကိုပါ ပူးေပါင္းလုပ္ေဆာင္ဖို႔ ညွိႏႈိင္းခဲ့ၾကပါတယ္။

ဒါ့အျပင္ လုပ္ငန္းငယ္ေလးေတြ (Startups) စတင္တည္ေထာင္ႏိုင္ေအာင္ ကူညီဖို႔႔ နဲ႔ ႏိုင္ငံရဲ႕ ဆိုက္ဘာ လံုျခံဳေရး Security Risk ေလွ်ာ့ခ်ႏိုင္ေရး ပူးေပါင္းေဆာင္ရြက္ဖို႔ အထိပါ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးၾကတယ္လို႔ ကြန္ပ်ဴတာအသင္းခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။
(USA)
…………………………………………………………………။ ။ ……………………………………………………………………..

ကွန်ပျူတာ နည်းပညာသုံးပြီး SME လုပ်ငန်း ဖွံ့ဖြိုးရေး Microsoft နဲ့ ဆွေးနွေး
ကွန်ပျူတာ နည်းပညာကို အသုံးပြုပြီး မြန်မာ့အသေးစားအလတ်စား SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာရေး ကူညီဖို့ Microsoft Asia Pacific နဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ စက်တင်ဘာ ၇ ရက်က အသင်းချုပ်ရုံးမှာ Microsoft Asia Pacific ရဲ့ Southeast Asia New Markets General Manager Ms. Michelle Simmons နဲ့ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ လုပ်ငန်းသုံး Software တွေကို မိတ်ဆက်အသုံးပြုစေမယ့်နည်းလမ်းမျိုးအပြင် လက်ရှိလူသိများတဲ့ Excel လို software မျိုးကို ပြည့်ပြည့်ဝဝ အသုံးချနိုင်လာအောင် အသိပညာပေး အစီအစဉ်တွေ၊ သင်တန်းပို့ချတာတွေကိုပါ ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။
ဒါ့အပြင် လုပ်ငန်းငယ်လေးတွေ (Startups) စတင်တည်ထောင်နိုင်အောင် ကူညီဖို့ နဲ့ နိုင်ငံရဲ့ ဆိုက်ဘာ လုံခြုံရေး Security Risk လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အထိပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြတယ်လို့ ကွန်ပျူတာအသင်းချုပ်က သတင်းထုတ်ပြန်ထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)