ပျောက်ဆုံး စစ်လေယာဉ်ပေါ် ခရီးသည် စာရင်း ထပ်တိုးလာ၊ ၁၂၀ ဦးရှိ

0
359

 

ထားဝယ်မြို့ အနောက်ဘက် ၄၃ မိုင်အကွာမှာ ရုတ်တရက် အဆက်အသွယ် ပြတ်သွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀) ပေါ်မှာ စစ်သည်နဲ့ မိသားစု ၁၀၆ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး စုစုပေါင်း ၁၂၀ ဦးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြင်ဆင် ထုတ်ပြန်လိုက်ပါတယ်။

မြိတ် လေတပ်စခန်းဌာနချုပ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ ကုန်တန် ၂ ဒသမ ၄ တန်လည်း သယ်ဆောင်လာပါတယ်။

အဆက်အသွယ် ပြတ်တောက်ရာ နေရာတဝိုက်နဲ့ လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်မှာ မြေပြင်တပ်တွေ၊ ရေတပ်သင်္ဘော ၆ စီးနဲ့ လေတပ်မတော်က လေယာဉ် ၃ စီးတို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ပျောက်ဆုံးလေယာဉ်ကို တွေ့ရှိမှု အခြေအနေနဲ့ ခရီးသည်တွေရဲ့ အခြေအနေကို အသေးစိတ် မသိရသေးပါဘူး။

အဲဒီ Y-8-200 F လေယာဉ်ဟာ ၂၀၁၆ မတ်လမှာ နောက်ဆုံး ရောက်ရှိလာတဲ့ လေယာဉ်ဖြစ်ပြီး လေတပ်မှာ ပျံသန်းချိန် ၈၀၉ နာရီ အသုံးပြုထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)