ပျောက်ဆုံးလေယာဉ်ပေါ်မှာ စစ်သည်နဲ့ မိသားစု ၉၀၊ လေယာဉ် အမှုထမ်း ၁၄ ဦး ပါရှိ

0
281

မြိတ် လေတပ်စခန်းဌာနချုပ်ကနေ ရန်ကုန်ကို ပျံသန်းလာစဉ် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ အကွာမှာ ရုတ်တရက် အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ မြိတ် လေတပ်စခန်းဌာနချုပ်က စစ်သည်နဲ့ မိသားစု ၉၀ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၀၄ ဦးနဲ့ ကုန်တန်ချိန် ၃ ဒသမ ၄ တန် သယ်ဆောင်လာတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက နောက်ဆုံး အခြေအနေကို သတင်း ထုတ်ပြန်ထားပါတယ်။

မြိတ် လေတပ်စခန်းဌာနချုပ်ရှေ့ မြင်ကွင်း (ဓာတ်ပုံ – ဇော်ဇော်/မြိတ်)

တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ဒီနေ့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်မှာ အဆက်အသွယ် ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် ပို့ဆောင်ရေးလေယာဉ် ပျောက်ဆုံးသော နေရာ (ပုံ – ကာကွယ်ရေး ဦးစီးချုပ်ရုံး)

နောက်ဆုံး အဆက်အသွယ် ရလိုက်တဲ့ နေရာတစ်ဝိုက်မှာ ရေတပ်မတော်က စစ်သင်္ဘော ၄ စီး၊ လေတပ်မတော်က လေယာဉ် ၂ စီးတို့နဲ့ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ်နဲ့ အမျိုးအစားတူ လေယာဉ် Y-8

အဲဒီ Y-8-200 F လေယာဉ်ဟာ ၂၀၁၆ မတ်လမှာ နောက်ဆုံး ရောက်ရှိလာတဲ့ လေယာဉ်ဖြစ်ပြီး လေတပ်မှာ ပျံသန်းချိန် ၈၀၉ နာရီ အသုံးပြုထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)