တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ် ထားဝယ်မြို့ အနီး အဆက်အသွယ် ပြတ်တောက်

0
258

ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ အရောက်မှာ ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက် ပျောက်ဆုံးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

မြိတ် လေတပ်စခန်းဌာနချုပ်ရှေ့ မြင်ကွင်း (ဓာတ်ပုံ – ဇော်ဇော်/မြိတ်)

ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို အမြင့် ၁ သောင်း ၈ ထောင်ကနေ ပျံသန်း ထွက်ခွာလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်မှာ ရုတ်တရက် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

တပ်မတော် လေယာဉ်၊ ရေယာဉ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ လေယာဉ်ကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှဦး တင်ဆောင်လာတယ်ဆိုတာကိုတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခရီးသည် ၉၀ နဲ့ လေယာဉ် အမှုထမ်း ၁၅ ဦးပါတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)