ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစု သက်လူမျိုးတွေ သတ်ဖြတ်ခံရမှု စုံစမ်းဖော်ထုတ်ပေးဖို့ USDP တိုက်တွန်း

0
274

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသရှိ ဗုဒ္ဓဘာသာဝင် လူနည်းစု သက်လူမျိုးတွေ နေထိုင်ရာ ကျေးရွာတွေကို ဖျက်ဆီးခြင်း၊ အဓမ္မကျင့် တိုက်ခိုက် သတ်ဖြတ်ခြင်းတွေ ရှိနေလို့ စုံစမ်း ဖော်ထုတ် အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တောင်းဆိုတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လဆန်းကစပြီး သက်လူမျိုးတွေ အမြောက်အမြား သေဆုံးပြီး အိုးအိမ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ လူနည်းစုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးဖို့၊ ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ် အပြစ်ပေးဖို့ ဇွန်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေနဲ့လည်း လူ့အခွင့်အရေးအတွက် အစိုးရချင်း ဆက်သွယ်ညှိနှိုင်း စောင့်ရှောက်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆို တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)