စိန်ခေါ်မှုတွေကို အတူတကွ ကျော်လွှားနိုင်မယ်လို့ ဘင်းမ်စတက် နှစ် ၂၀ ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည် ပြော

0
331

ဘင်းမ်စတက် အဖွဲ့ဝင် ပြည်သူနဲ့ အစိုးရတွေက ဆောင်ရွက်ရမယ့် ကိစ္စတွေ များစွာကျန်ရှိနေပြီး ကြုံရမယ့် စိန်ခေါ်မှုတွေကို အတူတကွ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဘင်းမ်စတက် နှစ် ၂၀ ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation – BIMSTEC) တည်ထောင်မှု နှစ် ၂၀ ပြည့်ပြီး ဖြစ်ပါတယ်။

အရှေ့တောင်အာရှနဲ့ တောင်အာရှအကြား ကုန်းတွင်းတံတားလို ပထဝီ အနေအထား တည်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက် ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေကို ဖြည့်စည်းဖို့ တက်ကြွစွာ ပါဝင်မယ်လို့ မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်းမ်စတက်မှာ လူဦးရေ ၁ ဒသမ ၅ ဘီလီယံ နေထိုင်ပြီး စုစုပေါင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိပါတယ်။

ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီးပေါလ်တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)