ရုရှား-အာဆီယံ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မယ့် သဘောတူစာချုပ် မြန်မာ လက်မှတ်ထိုးမယ်

0
280

ရုရှားနိုင်ငံနဲ့ အာဆီယံ အဖွဲ့နိုင်ငံတွေ အကြား သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးဖို့ ပြည်ထောင်စု လွှတ်တော်မှာ သဘောတူလိုက်ပါတယ်။

အဲဒီလို လက်မှတ်ရေးထိုးဖို့ အဆိုပြုချက်ကို သမ္မတက ပေးပို့တာ ဖြစ်ပြီး မနေ့က ဇွန်လ ၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

သဘာဝ ဘေးအန္တရာယ်က အချိန်မရွေး နေရာမရွေး ကျရောက်တတ်တဲ့ အတွက် နယ်နိမိတ် သတ်မှတ်ချက် ထံထက် ကျော်လွန်နေကြောင်းနဲ့ ရုရှားဟာ အာဆီယံနဲ့ ဆက်စပ် လုပ်ဆောင်နေတာကြောင့် ထောက်ခံတဲ့ အဆိုကို စမ်းချောင်းမဲဆန္ဒနယ်က ဦးဘိုဘိုဦးက ပြောဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)