တပ်ချုပ်နဲ့ တပ်မတော် မိသားစုဝင်တွေ ညောင်ရေ သွန်းလောင်း ပူဇော်

0
231

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြည်း၊ ရေ၊ လေ မိသားစုတွေ မေလ ၆ ရက်နေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာ ဆုတောင်းပြည့် ဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်တွေကို ညောင်ရေ သွန်းလောင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ညောင်ရေသွန်းပွဲကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နဲ့ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နဲ့ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နဲ့ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးတွေနဲ့ ဇနီးတွေ တက်ရောက်ခဲ့ကြကာ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်ခဲ့ကြပါတယ်။

ဒါ့အပြင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွေမှာ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)