COVID-19 ကူးစက်မှု (၁) ခု ထပ်မံအတည်ပြု ကူးစက်မှုပေါင်း (၁၆၂) မှု ရှိလာ

0
236

COVID-19 ရောဂါကူးစက်ခံရတဲ့ ဓာတ်ခွဲအတည်ပြုမှု (၁) ခု ထပ်မံထုတ်ပြန် ရောဂါပိုးကူးစက်မှုပေါင်း (၁၆၂) မှုအထိ ရှိလာပြီ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်နေ၊ အင်းစိန်ဆေးရုံကြီးက စောင့်ကြည့်လူနာြဖစ်သူ အသက် (၄၃) နှစ်အရွယ် အမျိုးသမီးမှာ ရောဂါပိုး ကူးစက်ခံရတဲ့ ဓာတ်ခွဲအတည်ပြုချက်ကို မေလ (၇) ရက်နေ့ မနက် (၇) နာရီအချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

အခု ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမှတ် (၁၆၂) ဟာ အရင်က ပိုးတွေ့အတည်ပြုလူနာအမှတ် (၁၅၁) အပါအဝင် အင်းစိန်မြို့နယ်က ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ ဆက်ဆံမှု (Contact) ရှိခဲ့သူဖြစ်ပြီး ပြည်ပခရီးသွား ရာဇဝင်မရှိသူလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

မေလ (၆) ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲနမူနာ (၁၇၈) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၇၂) ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်မှ ဓာတ်ခွဲနမူနာ (၅၆) ခု၊ စုစုပေါင်း (၄၀၆) ခုတို့ကို ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။

ဒီလိုနိုင်ငံတဝှမ်း ဓာတ်ခွဲနမူနာပေါင်း (၄၀၆) ခုကို စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်မှု (၁) ခုကို တွေ့ရှိခဲတာဖြစ်ပြီး ကျန်တဲ့ (၄၀၅) ခုမှာ ရောဂါပိုး မတွေ့ရှိရတဲ့ အခြေအနေမျိုးလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု ဓာတ်ခွဲအတည်ပြုမှုပေါင်း (၁၆၂) အထိရှိလာကာ အဲ့ဒီထဲက လူသေဆုံးမှု (၆) ခု ရှိခဲ့သလို ရောဂါကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူပေါင်း (၅၀) ထက် မနည်း ရှိနေတာပါ။

ဒါကှောင့ြ ဓာတခြှဲအတညပြှု ပိုးတှေ့လူနာ (၁၀၆) ဦးထကြ မနညြး ဆကလြကဆြေးဝါးကုသမှုတှေ ခံယူနကှရေမယ့ြ အခှအနေရှေိနသလေို အဲ့ဒီထဲက အထူးကှပမြတကြုသပေးနရသေူ လူနာ (၃) ဦး ရှိနတယေလြို့ ကနွြးမာရေးနှင့ြ အားကစားဝနကြှီးဌာနက တာဝနရြှိသူတှကေ ပှောကှားထားကှပါတယြ။



COVID-19 ကူးစကျမှု (၁) ခု ထပျမံအတညျပွု ကူးစကျမှုပေါငျး (၁၆၂) မှု ရှိလာ

COVID-19 ရောဂါကူးစက်ခံရတဲ့ ဓာတ်ခွဲအတည်ပြုမှု (၁) ခု ထပ်မံထုတ်ပြန် ရောဂါပိုးကူးစက်မှုပေါင်း (၁၆၂) မှုအထိ ရှိလာပြီ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်နေ၊ အင်းစိန်ဆေးရုံကြီးက စောင့်ကြည့်လူနာဖြစ်သူ အသက် (၄၃) နှစ်အရွယ် အမျိုးသမီးမှာ ရောဂါပိုး ကူးစက်ခံရတဲ့ ဓာတ်ခွဲအတည်ပြုချက်ကို မေလ (၇) ရက်နေ့ မနက် (၇) နာရီအချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

အခု ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမှတ် (၁၆၂) ဟာ အရင်က ပိုးတွေ့အတည်ပြုလူနာအမှတ် (၁၅၁) အပါအဝင် အင်းစိန်မြို့နယ်က ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ ဆက်ဆံမှု (Contact) ရှိခဲ့သူဖြစ်ပြီး ပြည်ပခရီးသွား ရာဇဝင်မရှိသူလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

မေလ (၆) ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲနမူနာ (၁၇၈) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၇၂) ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်မှ ဓာတ်ခွဲနမူနာ (၅၆) ခု၊ စုစုပေါင်း (၄၀၆) ခုတို့ကို ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။

ဒီလိုနိုင်ငံတဝှမ်း ဓာတ်ခွဲနမူနာပေါင်း (၄၀၆) ခုကို စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်မှု (၁) ခုကို တွေ့ရှိခဲတာဖြစ်ပြီး ကျန်တဲ့ (၄၀၅) ခုမှာ ရောဂါပိုး မတွေ့ရှိရတဲ့ အခြေအနေမျိုးလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု ဓာတ်ခွဲအတည်ပြုမှုပေါင်း (၁၆၂) အထိရှိလာကာ အဲ့ဒီထဲက လူသေဆုံးမှု (၆) ခု ရှိခဲ့သလို ရောဂါကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူပေါင်း (၅၀) ထက် မနည်း ရှိနေတာပါ။

ဒါကြောင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ (၁၀၆) ဦးထက် မနည်း ဆက်လက်ဆေးဝါးကုသမှုတွေ ခံယူနေကြရမယ့် အခြေအနေရှိနေသလို အဲ့ဒီထဲက အထူးကြပ်မတ်ကုသပေးနေရသူ လူနာ (၃) ဦး ရှိနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောကြားထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)