တောင်ဥက္ကလာမှာ အနှေးယာဉ်လုပ်သား ၄၀၀ ကျော်ကို ဆန်၊ ဆီ၊ ကြက်ဥတွေ လှူဒါန်း

0
164

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ စေတနာရှင် ပရဟိတအဖွဲ့တစ်ဖွဲ့့က COVID-19 ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အခြေခံပြည်သူတွေ စားရေးသောက်ရေး အခက်အခဲ မဖြစ်စေဖို့ အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာ ၄၀၀ ကျော်ကို ဆန်၊ ဆီနဲ့ ကြက်ဥတွေကို ဧပြီလ ၇ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီက ကျန်းမာရေးနဲ့အညီ စည်းကမ်းတကျဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်။ တောင်ဥက္ကလာပမြို့နယ်မှာ တရားဝင် လိုင်စင် ဆိုက္ကား ၁၂၅၀ ရှိတဲ့အနက် ၁ ကနေ ၄၀၀ အထိနံပါတ်တွေကို အလှူခံခွင့်ပေးခဲ့တာဖြစ်ပြီး ကျန် အနှေးယာဉ်တွေကတော့ နောက်အလှူရှင်ပေါ်မှပဲ ဆက်လက် ရရှိမှာ ဖြစ်ပါတယ်။

အခု လှူဒါန်းတဲ့ စေတနာရှင် ပရဟိတအဖွဲ့ဟာ ဧပြီ ၈ ရက်မှာ အင်းစိန်မြို့နယ်မှ အနှေးယာဉ် လုပ်သား ၆၀၀၊ မြောက်ဥက္ကလာပမှ အနှေးယာဉ်လုပ်သား ၄၀၀၊ ဧပြီလ ၉ ရက်နေ့မှာ လှိုင်သာယာမြို့နယ်မှ အနှေးယာဉ် လုပ်သား ၄၀၀ တို့ကိုလည်း ဆန်၊ ဆီနဲ့ အခြေခံစားကုန်တွေ ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ စေတနာရှင်

ပရဟိတအဖွဲ့တစ်ဖွဲ့့COVID-19 ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အခြေခံပြည်သူတွေ စားရေးသောက်ရေး အခက်အခဲ မဖြစ်စေဖို့ အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာ ၄၀၀ ကျော်ကို ဆန်၊ ဆီနဲ့ ကြက်ဥတွေကို ဧပြီလ ၇ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီက ကျန်းမာရေးနဲ့အညီ စည်းကမ်းတကျဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်။ တောင်ဥက္ကလာပမြို့နယ်မှာ တရားဝင် လိုင်စင် ဆိုက္ကား ၁၂၅၀ ရှိတဲ့အနက် ၁ ကနေ ၄၀၀ အထိနံပါတ်တွေကို အလှူခံခွင့်ပေးခဲ့တာဖြစ်ပြီး ကျန် အနှေးယာဉ်တွေကတော့ နောက်အလှူရှင်ပေါ်မှပဲ ဆက်လက် ရရှိမှာ ဖြစ်ပါတယ်။

အခု လှူဒါန်းတဲ့ စေတနာရှင် ပရဟိတအဖွဲ့ဟာ ဧပြီ ၈ ရက်မှာ အင်းစိန်မြို့နယ်မှ အနှေးယာဉ် လုပ်သား ၆၀၀၊ မြောက်ဥက္ကလာပမှ အနှေးယာဉ်လုပ်သား ၄၀၀၊ ဧပြီလ ၉ ရက်နေ့မှာ လှိုင်သာယာမြို့နယ်မှ အနှေးယာဉ် လုပ်သား ၄၀၀ တို့ကိုလည်း ဆန်၊ ဆီနဲ့ အခြေခံစားကုန်တွေ ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)