ခွင့်ပြုချက်မရှိဘဲ သင်္ဘောပေါ်ကဆင်းတဲ့ မြန်မာသင်္ဘောသားနှစ်ဦးကို ထိုင်ဝမ်ရဲ တားဆီး

0
294

ထိုင်ဝမ်ရှိ ကီးလွန်း ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ သင်္ဘောပေါ်ကနေ ခွင့်ပြုချက်မရှိဘဲ အောက်ဆင်းတဲ့ မြန်မာသင်္ဘောသား နှစ်ဦးကို ထိုင်ဝမ်ရဲက တားဆီးခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့ မနက် ၉ နာရီခန့်မှာ မြန်မာသင်္ဘောသား နှစ်ဦးဟာ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေလို့ သူတို့မိသားစုတွေကို စိုးရိမ်တဲ့အတွက် ဖုန်းဆက်ဖို့ သင်္ဘောပေါ်ကနေ ဆင်းခဲ့ကြတာ ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံတကာ ဆိပ်ကမ်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TIPC) က ပြောပါတယ်။

မြောက်ပိုင်း ကွန်တိန်နာကွင်းက စစ်ဆေးရေးဂိတ်မှာ တာဝန်ကျ ဆိပ်ကမ်းအရာရှိက မြန်မာ သင်္ဘောသားတွေကို တားမြစ်ခဲ့တယ်လို့ TIPC က ပြောပေမယ့် သင်္ဘောနာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

သင်္ဘောပေါ်မှာလည်း အင်တာနက် လိုင်းကမမိ၊ အဆက်အသွယ်လည်း ပြတ်နေတဲ့အတွက် မြန်မာနိုင်ငံက မိသားစုတွေကို စိုးရိမ်လို့ သင်္ဘောပေါ်က ဆင်းပြီး ဖုန်းဆက်ဖို့ ကြိုးပမ်းတာဖြစ်ကြောင်း မြန်မာ သင်္ဘောသားနှစ်ဦးက ရှင်းပြခဲ့ပါတယ်။ မြန်မာ သင်္ဘောသားတွေဟာ COVID-19 လက္ခဏာတွေ မရှိကြောင်း၊ သင်္ဘောသားနှစ်ဦးကို သင်္ဘော တာဝန်ရှိသူတွေထံ ပြန်လွှဲပေးလိုက်ပြီး တခြား အရေးယူမှု မရှိကြောင်း TIPC က ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

ခွင့်ပြုချက်မရှိဘဲ သင်္ဘောပေါ်ကဆင်းတဲ့ မြန်မာသင်္ဘောသားနှစ်ဦးကို ထိုင်ဝမ်ရဲ တားဆီး

ထိုင်ဝမ်ရှိ ကီးလွန်း ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ သင်္ဘောပေါ်ကနေ ခွင့်ပြုချက်မရှိဘဲ အောက်ဆင်းတဲ့ မြန်မာသင်္ဘောသား နှစ်ဦးကို ထိုင်ဝမ်ရဲက တားဆီးခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့ မနက် ၉ နာရီခန့်မှာ မြန်မာသင်္ဘောသား နှစ်ဦးဟာ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေလို့ သူတို့မိသားစုတွေကို စိုးရိမ်တဲ့အတွက် ဖုန်းဆက်ဖို့ သင်္ဘောပေါ်ကနေ ဆင်းခဲ့ကြတာ ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံတကာ ဆိပ်ကမ်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TIPC) က ပြောပါတယ်။

မြောက်ပိုင်း ကွန်တိန်နာကွင်းက စစ်ဆေးရေးဂိတ်မှာ တာဝန်ကျ ဆိပ်ကမ်းအရာရှိက မြန်မာ သင်္ဘောသားတွေကို တားမြစ်ခဲ့တယ်လို့ TIPC က ပြောပေမယ့် သင်္ဘောနာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ သင်္ဘောပေါ်မှာလည်း အင်တာနက် လိုင်းကမမိ၊ အဆက်အသွယ်လည်း ပြတ်နေတဲ့အတွက် မြန်မာနိုင်ငံက မိသားစုတွေကို စိုးရိမ်လို့ သင်္ဘောပေါ်က ဆင်းပြီး ဖုန်းဆက်ဖို့ ကြိုးပမ်းတာဖြစ်ကြောင်း မြန်မာ သင်္ဘောသားနှစ်ဦးက ရှင်းပြခဲ့ပါတယ်။ မြန်မာ သင်္ဘောသားတွေဟာ COVID-19 လက္ခဏာတွေ မရှိကြောင်း၊ သင်္ဘောသားနှစ်ဦးကို သင်္ဘော တာဝန်ရှိသူတွေထံ ပြန်လွှဲပေးလိုက်ပြီး တခြား အရေးယူမှု မရှိကြောင်း TIPC က ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)