အခြေခံလူတန်းစားတွေအတွက် ရန်ပုံငွေတစ်ရပ်ကို ကနဦး ကျပ်သိန်း ၁၅၀၀ နဲ့ မတည်ထူထောင်မယ်

0
146

COVID-19 ရိုက်ခတ်မှုကို ခံစားနေရတဲ့ အခြေခံလူတန်းစားတွေရဲ့ စားရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းပေးနိုင်ဖို့ ရန်ပုံငွေတစ်ရပ်ကို ကနဦး ကျပ်သိန်း ၁၅၀၀ နဲ့ မတည်ထူထောင်မယ်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဧပြီလ ၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

COVID-19 အကျိုးဆက်ကြောင့် လုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် ဒီရိ်ုက်ခတ်မှုကို အခြေခံအကျဆုံး အလွှာဖြစ်တဲ့ လက်လုပ်လက်စားတွေ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိနိုင်မှု သိသာစွာ ထိခိုက်နေကြောင်း၊ လတ်တလောမှာ အခြေခံလူတန်းစားတွေကို အစားအသောက်တွေ ပံ့ပိုးကူညီပေးနိုင်ဖို့ ကုန်သည်စက်မှု အသင်းချုပ်က ညီနောင်အသင်းတွေ၊ လုပ်ငန်းရှင်တွေ၊ စေတနာရှင်ပြည်သူတွေနဲ့အတူ အစိုးရနဲ့ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်လုပ်လက်စားနဲ့ မှီခိုသူ မိသားစုဝင်တွေအတွက် အခြေခံစားသောက်ကုန်တွေ ဝယ်ယူထောက်ပံ့ပေးရာမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ကုန်သည်စက်မှု အသင်းချုပ် အသင်းသူ၊ အသင်းသား၊ ညီနောင်အသင်းတွေနဲ့ လုပ်ငန်းရှင်တွေကလည်း ရန်ပုံငွေ ထည့်ဝင်လှူဒါန်းဖြင်းဖြင့် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>

အခြေခံလူတန်းစားတွေအတွက် ရန်ပုံငွေတစ်ရပ်ကို ကနဦး ကျပ်သိန်း ၁၅၀၀ နဲ့ မတည်ထူထောင်မယ်

COVID-19 ရိုက်ခတ်မှုကို ခံစားနေရတဲ့ အခြေခံလူတန်းစားတွေရဲ့ စားရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းပေးနိုင်ဖို့ ရန်ပုံငွေတစ်ရပ်ကို ကနဦး ကျပ်သိန်း ၁၅၀၀ နဲ့ မတည်ထူထောင်မယ်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဧပြီလ ၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

COVID-19 အကျိုးဆက်ကြောင့် လုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် ဒီရိုက်ခတ်မှုကို အခြေခံအကျဆုံး အလွှာဖြစ်တဲ့ လက်လုပ်လက်စားတွေ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိနိုင်မှု သိသာစွာ ထိခိုက်နေကြောင်း၊ လတ်တလောမှာ အခြေခံလူတန်းစားတွေကို အစားအသောက်တွေ ပံ့ပိုးကူညီပေးနိုင်ဖို့ ကုန်သည်စက်မှု အသင်းချုပ်က ညီနောင်အသင်းတွေ၊ လုပ်ငန်းရှင်တွေ၊ စေတနာရှင်ပြည်သူတွေနဲ့အတူ အစိုးရနဲ့ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်လုပ်လက်စားနဲ့ မှီခိုသူ မိသားစုဝင်တွေအတွက် အခြေခံစားသောက်ကုန်တွေ ဝယ်ယူထောက်ပံ့ပေးရာမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ကုန်သည်စက်မှု အသင်းချုပ် အသင်းသူ၊ အသင်းသား၊ ညီနောင်အသင်းတွေနဲ့ လုပ်ငန်းရှင်တွေကလည်း ရန်ပုံငွေ ထည့်ဝင်လှူဒါန်းဖြင်းဖြင့် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)