ပုံမှန်ဝင်ငွေ မရှိတဲ့ မိသားစုတွေအတွက် သင်္ကြန်တွင်းမှာ အစိုးရက အခြေခံစားကုန်တွေ ထောက်ပံ့မယ်

0
161

COVID-19 ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်တဲ့ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အခြေခံစားသောက်ကုန် ၅ မျိုးစီကို ဧပြီလ ၁၀ ရက်နေ့ကစပြီး အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမယ်လို့ ဧပြီလ ၆ ရက်နေ့မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ၅ မျိုးစီကို အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမှာပါ။

မလိုလားအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေ၊ အဂတိလိုက်စားမှုတွေ မဖြစ်ပေါ်စေဖို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်းကောက်ယူတာ၊ ထုပ်ပိုးတာ၊ ပို့ဆောင်တာ၊ ဖြန့်ဖြူးတာတွေကို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းတွေ (သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မပါ) အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုံမှန်ဝင်ငွေ မရှိတဲ့ မိသားစုတွေအတွက် သြင်္ကန်တွင်းမှာ အစိုးရက အခြေခံစားကုန်တွေ ထောက်ပံ့မယ်

COVID-19 ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်တဲ့ မဟာသြင်္ကန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အခြေခံစားသောက်ကုန် ၅ မျိုးစီကို ဧပြီလ ၁၀ ရက်နေ့ကစပြီး အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမယ်လို့ ဧပြီလ ၆ ရက်နေ့မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ၅ မျိုးစီကို အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမှာပါ။

မလိုလားအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေ၊ အဂတိလိုက်စားမှုတွေ မဖြစ်ပေါ်စေဖို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်းကောက်ယူတာ၊ ထုပ်ပိုးတာ၊ ပို့ဆောင်တာ၊ ဖြန့်ဖြူးတာတွေကို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းတွေ (သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မပါ) အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)