ဦးကိုနီအမှု ၄ ကြိမ်မြောက် ရုံးထုတ်

0
315

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှု အတွက် ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ၄ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေကို စစ်ဆေးပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ကို အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်တာ ဖြစ်ပါတယ်။

သူတို့ကို လူသတ်မှု၊ အားပေးကူညီမှု၊ ပြစ်မှု ကျူးလွန်သူကို ကူညီမှုနဲ့ တရားစွဲထားပြီး ကြည်လင်းနဲ့ အောင်ဝင်းဇော် ကို လက်နက်မှုနဲ့ပါ စွဲထားတာပါ။ ကျန်တစ်ဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲပါ။

ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံခံရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)